မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာ ခြောက်မျိုး ထောက်ပံ့
စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၂၃ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူသောင်းချီ ရှိနေတာကြောင့် ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ယနေ့တွင် ထန်းကြီးရွာ၊ ကျောင်းဖြူရွာ နှင့် ပဲ့သူကြီးရွာရှိ ဒေသခံပြည်သူ ၁၅၀ ခန့်ကို ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ရှူးရှဲလက်ဖက် နှင့် ယမ်ယမ်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ကူညီခဲ့ကြသည်။
မြောင်လူငယ်ကွန်ရက်က မီးဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့ကြေးငွေများ မျှဝေ

စစ်ကိုင်း၊ အောက်တိုဘာလ ၂၁ စစ်ကိုင်းတိုင်း၊ မြောင်လူငယ်ကွန်ရက် မှ မြောင်မြို့နယ်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စု ၂၅စု နှင့် မီးလောင်စွဲ ဒဏ်ရာရပြည်သူ တို့ အတွက် ငွေသား၅၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီပေးခဲ့ကြပါသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ က မီးလောင်ပြင်မှ ကလေးငယ်၁၀ဦးအား ကျောင်းထားပေး

စစ်ကိုင်း၊ အောက်တိုဘာလ ၁၅ စစ်ကိုင်းတိုင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့ က မီးလောင်ပြင်မှ ကလေးငယ်၁၀ဦးအား ကျောင်းထားပေးခဲ့ကြောင်း သိရပါတယ်။
ပေကြီးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး၊ စစ်ရှောင်ပြည်သူ နှစ်ဦးကို သတ်ပစ်ခဲ့

စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ပေကြီးရွာကို အာဏာသိမ်းစစ်တပ်က ယနေ့ညနေ့ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူတတ်ကြွလှုပ်ရှားသူကြသူများအဖွဲ့က ပြောဆိုထားပါတယ်။ ယနေ့ ညနေ့လေးနာရီခန့်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း၃၆၁ နှင့် ပျူစောထီးပူးပေါင်းအင်အားတစ်ရာခန့်က ပေကြီးရွာကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ပြောခွင့်ရက ” ရွာကတော့ အခုထိ ဝင်မရဘူးဗျ၊ စစ်ကြောင်း မထွက်သေးဘူး၊ ရွာသုံးရွာလောက်တော့ ရှောင်နေရတယ်။ ” လို့ ပြောဆိုခဲ့သည်။ အဆိုပါအာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ငှက်ပျောတိုင်းအနီးရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ခအုံးတာရွာ နှင့် ပေကြီးရွာကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က ပေကြီးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပေကြီးရွာ၊ […]
အာဏာသိမ်းစစ်တပ်က ဘိုက်သရက်ရွာ နှင့် လည်ငေါက်ရွာကို MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ လည်ငေါက်ရွာ နှင့် ဘိုက်သရက်ရွာ ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ယနေ့မနက်ပိုင်းတွင် ပစ်ခတ်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများထံမှ ရသည်။ ဒေသခံတစ်ဦးက ” အခုလေးတင် အသံကြားလိုက်ရတာပဲ၊ မနက်၉ခွဲလောက် ကတော့ စပစ်တာ၊ မတောင်းတထဲ ဝင်နေတယ်၊ စစ်ကြောင်းကို ကာတဲ့ သဘောလည်း ဖြစ်နိုင်တယ် အခုကို ပစ်နေသံတွေ ကြားနေရတယ်” လို့ ပြောဆိုခဲ့သည်။ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လည်ငေါက်ရွာနှင့် ဘိုက်သရက်ရွာကြားကို ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ် လက်အောက်ခံ ခြေလျင်စစ်ကြောင်းက ပေါင်းဝဆိပ်ကမ်းမှ ထွက်ရှိလာကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆားလင်းကြီးမြို့နယ် မှ ထွက်လာသည့်အာဏာသိမ်းစစ်တပ်ယာဉ်တန်းက လည်ငှောက်ရွာအနီးကို ရောက်ရှိနေပြီဖြစ်ကြောင်း […]
ကလေးမြို့ပင်မသပိတ်အင်အားစုက စစ်အဏာရှင်ဆန့်ကျင်ရေးတရားပွဲ ပြုလုပ်

စစ်ကိုင်း၊ စက်တင်ဘာလ ၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုက ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတရားပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါပွဲကို အရှင်ထာဝရ(နော်ဝေ)၊ ကိုမင်းကိုနိုင်(၈၈ မျိုးဆက်ကျောင်းသားများ) နှင့် ကိုတေဇဆန်းတို့က တက်ရောက်အမှာစကားပြောကြားခဲ့သည်။
မုံရွာမြို့ရှိ သာစည်ထောင်မှ စစ်ကောင်စီစစ်သားများ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဩဂုတ် ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးများဖြင့် ဒေသခံမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa တာဝန်ရှိသူတစ်ဦးက Red Peacock သတင်းမီဒီယာကို ယနေ့ညနေ့ပိုင်းတွင် ပြောဆိုထားပါတယ်။ Golden Eagle Force – Monywa တာဝန်ရှိသူတစ်ဦးက ” စစ်သားတွေ ထိတယ်ထင်တယ် စက်ကလေးနဲ့ ပြန်ပစ်ခံရတယ်။ မနေ့က ၈နာရီခွဲလောက်က ပစ်ခတ်ခဲ့တာ။ မထင်ရင် မထင်သလို လမ်းပေါ်တက် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ပါတယ်၊ အနီးဝန်းကျင်စစ်ကြောင်းထိုးရင်လဲ အဲ့ကနေဘဲ ထွက်ပြီး စစ်ကြောင်းထိုးတာတွေရှိပါတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။ အထက်ပါစစ်ဆင်ရေးကို Golden Eagle Force – Monywa နှင့်အတူ […]
အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်ပြည်သူများက ဟင်းသီးဟင်းရွက်များ ထောက်ပံ့

စစ်ကိုင်း၊ ဇူလိုင်လ ၃၀ စစ်ကိုင်းတိုင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့တွင် စစ်ရှောင်ပြည်သူများကို ဟင်းသီးဟင်းရွက်များ ထောက်ပံ့ကူညီခဲ့ကြသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ကျေးလက်အခြေပြု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီ၊ ဇူလိုင်လ ၂၄ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြိုနယ်ရှိ ကျေးရွာတစ်ရွာတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ကျေးလက်အခြေပြု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယမန့်နေ့ညက ပြုလုပ်ခဲ့ပါတယ်။