အပြည်ပြည်ဆိုင်ရာအရှင်ထာဝရဖောင်ဒေးရှင်းအဖွဲ့က မွေးကင်းစကလေးငယ်တစ်ဦးအတွက် ဆေးရုံစရိတ် ထောက်ပံ့

မလေးရှား၊ ဇူလိုင်လ ၁၅ မလေးရှားနိုင်ငံ၊ အီပိုးမြို့နယ်၊ ပကန်းပန်ကျော့ရှိ အသည်းရောင်အသားဝါကူးစက်ခံရသည့်ကလေးငယ်အတွက် ဆေးရုံစရိတ်ကို အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းအဖွဲ့က ထောက်ပံ့ကြေးငွေ ၅၀၀ ရင်းဂစ်ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။ အီပိုးမြို့နယ်နေ မမြင့်ဌေးမှ ဆေးကုသစရိတ် အကူအညီ တောင်းခံမှုကြောင့် ဖောင်ဒေးရှင်းဥက္ကဌကြီးနှင့်အတွင်းရေးမှူး ကိုယ်တိုင်သွားရောက်၍ မလေးရှားရင်းဂစ်ငွေ ငါးရာ ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းသည်စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ထောက်ကူပေးနိုင်ရန်ရည်စူးဖွဲ့စည်းထားသည့်အလျှောက် မလေးရှားရှိ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ကိုပါ ပြန်လည်ထောက်ကူပေးနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသောအဖွဲ့ဖြစ်ပါသည်သို့ပါသောကြောင့် မည်သူမဆို အဖွဲ့ဝင်မန်ဘာအဖြစ် ဝင်ရောက်၍ အဖွဲ့၏စောင့်ရှောက်မှု့ကို ခံယူနိုင်ကြစေရန် အသိပေးအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းမလေးရှားသတင်းနှင့် ပြန်ကြားရေးကိုသန်းနိုင်ကိုသက်လင်းမသဲသဲအေး
ချင်းပြည်နယ်လုံးဆိုင်ရာ လူသားခြင်းစာနာထောက်ထားရေးဝန်ကြီးဌာနဝန်ကြီးများ နှင့် (မလေးရှားနိုင်ငံ အခြေစိုက်) အရှင်ထာဝရ ဖောင်ဒေးရှင်းအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပြီး ရန်ပုံငွေများ ထောက်ပံ့

ချင်းပြည်နယ်လုံးဆိုင်ရာ လူသားခြင်းစာနာထောက်ထားရေး ဒုဝန်ကြီး U ngai tam maung နှင့် ချင်းပြည်နယ် လုံးဆိုင်ရာ ဝန်ကြီးတစ်ချို့ ၊ (မလေးရှားနိုင်ငံ အခြေစိုက်) အရှင်ထာဝရ ဖောင်ဒေးရှင်းအဖွဲ့ဝင်များက ယမန့်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မြေပြင်တွင်ထိခိုက်ဒဏ်ရာရခဲ့ကြသော ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအတွက် အရှင်ထာဝရ ဖောင်ဒေးရှင်းမှ အလှူငွေ သိန်း ၃၀ ကျပ်အား လှူဒါန်းပေးအပ်ခဲ့ပါတယ် ။ အရှင်ထာဝရဖောင်ဒေးရှင်းက သတင်းနှင့်ပြန်ကြားရေး ကိုသန်းနိုင် ကိုသက်လင်း သဲသဲအေး
မလေးရှားနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာရွှေဝါရောင် အရှင်ထာဝရဖောင်ဒေးရှင်းက ဦးဆောင်ပြီး အမေစုမွေးနေ့အထိမ်းအမှတ် ” အားကစားဖြင့် တော်လှန် နွေဦးရဲ့အောင်လံ” ဘောလုံးပြိုင်ပွဲ ကျင်းပ

မလေးရှား၊ ဇွန် ၂၁ မလေးရှားနိုင်ငံ၊ အီပိုးမြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရအတွက် ပြီးခဲ့သည့်ဇွန် ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရွှေဝါရောင် အရှင်ထာဝရဖောင်ဒေးရှင်းက ” အားကစားဖြင့် တော်လှန် နွေဦးရဲ့ အောင်လံ” ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ပြီးခဲ့သည့်ဇွန် ၁၈ ရက်နေ့က အသင်း ၁၄သင်းက ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု မလေးရှားရင်းဂစ် သုံးထောင်၊ ဒုတိယဆု မလေးရှားရင်းဂစ် ၂၀၀၀ နှင့် တတိယဆု မလေးရှားရင်းဂစ် ၁၀၀၀ ဆီ ချီးမြှင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရ ဖောင်ဒေးရှင်မှ ဦးဆောင်သည့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ နှင့် နွေဦးတော်လှန်ရေးတွက် ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ကစားခဲ့ကြသည့် အားကစားသမားများ နှင့် တက်ရောက်အားပေးကြည့်ရှုပေးကြသည့် […]
ရွှေဝါရောင်ထာဝရဖောင်ဒေးရှင်းမှ အူကျလူနာတစ်ဦးကို ကူညီစောင့်ရှောက်

ကမ်မရွမ်ဟိုင်းလမ်းတောင်ပေါ်မှာ စိုက်ပျိုးရေးအလုပ် လုပ်ရင်း အူကျရောဂါဖြစ်လို့ ရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းသို့ အကူအညီတောင်းခံလာသောလူနာ ခွဲစိတ်ကုသပြီးလို့ ယနေ့ ဆေးရုံက ဆင်းသွားပါပြီ။ ဆေးရုံကုန်ကျစားရိတ် RM4671 နှင့် တခြားဆေးခန်းပြကုန်ကျစားရိတ်နဲ့ စားစရိတ်ကုန်ကျငွေ RM624.ကုန်ကျစားရိတ်ကို အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းမှ ထောက်ပံ့ကူညီပံ့ပိုးပေးခဲ့ပါသည်။ လူသားအားလုံးကျန်းမာချမ်းသာကြပါစေ။ အပြည်ပြည်ဆိုင်ရာ ရွှေဝါရောင် အရှင်ထာဝရဖောင်ဒေးရှင်းမလေးရှား သတင်းနှင့်ပြန်ကြားရေး
မလေးရှားရောက်မြန်မာနိုင်ငံသားများက နိုင်ငံတော်၏အတိုင်ပင်ခံအမေဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲပြိုင်ပွဲ ကျင်းပမည်

မလေးရှား၊ ဇွန် ၁၀ မလေးရှားနိုင်ငံ၊ အီပို့မြို့တွင် လာမည့် ဇွန်လ ၁၈ ရက်နေ့တွင် အမေ့ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အကြိုဖြင့် နွေဦးအောင်လံခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် ဘောလုံးပြိုင်ပွဲကျင်းပမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းက ယမန့်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အမေဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲနှင့် ဘောလုံးပြိုင်ပွဲသို့ ပါဝင်ဆင်နွဲနိုင်ရန် မလေးရှားရောက် မြန်မာပြည်ဘွားတိုင်းရင်းသားရွှေညီအကိုများအားလုံးအား အသိပေးကြေညာထားကြောင်း သိရှိရသည်။ အဆိုပါပြိုင်ပွဲကို ပါဝင်နိုင်ရန်အတွက် https://www.facebook.com/profile.php?id=100086236156730 ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရွှေဝါရောင်ထာဝရဖောင်ဒေးရှင်းမှ အူကျလူနာတစ်ဦးကို ကူညီစောင့်ရှောက်

မလေးရှား၊ ဇွန် ၇ ကမ်မရွမ်ဟိုင်းလမ်းတောင်ပေါ်မှာ စိုက်ပျိုးရေးအလုပ် လုပ်ရင်း အူကျရောဂါဖြစ်လို့ ရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းသို့ အကူအညီတောင်းခံလာသောလူနာ ခွဲစိတ်ကုသပြီးလို့ ယနေ့ ဆေးရုံက ဆင်းသွားပါပြီ။ ဆေးရုံကုန်ကျစားရိတ် RM4671 နှင့် တခြားဆေးခန်းပြကုန်ကျစားရိတ်နဲ့ စားစရိတ်ကုန်ကျငွေ RM624.ကုန်ကျစားရိတ်ကို အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းမှ ထောက်ပံ့ကူညီပံ့ပိုးပေးခဲ့ပါသည်။ လူသားအားလုံးကျန်းမာချမ်းသာကြပါစေ။ အပြည်ပြည်ဆိုင်ရာ ရွှေဝါရောင် အရှင်ထာဝရဖောင်ဒေးရှင်းမလေးရှား သတင်းနှင့်ပြန်ကြားရေး