မြောင်လူငယ်ကွန်ရက်က မီးဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့ကြေးငွေများ မျှဝေ

စစ်ကိုင်း၊ အောက်တိုဘာလ ၂၁ စစ်ကိုင်းတိုင်း၊ မြောင်လူငယ်ကွန်ရက် မှ မြောင်မြို့နယ်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စု ၂၅စု နှင့် မီးလောင်စွဲ ဒဏ်ရာရပြည်သူ တို့ အတွက် ငွေသား၅၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီပေးခဲ့ကြပါသည်။
ဒီပဲယင်းမြို့ရှိ ရဲစခန်း၊ ဆရာစံခန်းမနှင့် အုတ်ကျောင်းတို့တွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၂၀ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ အာဏာသိမ်းစစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Sagaing People Defence Force Battalion 3 က ယနေ့ညနေ့ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။ ယမန့်နေ့က ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒီပဲယင်းမြို့ရှိ ရဲစခန်း၊ ဆရာစံခန်းမနှင့် အုတ်ကျောင်းတို့တွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်ကို ၈၀ မမ ၁၅ လုံးနဲ့ တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။ အထက်ပါစစ်ဆင်ရေးကို Freedom Revolution Force – FRF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၃၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ နယ်မြေခံ ပကဖ ပူးပေါင်းတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။
မုံရွာမြို့လူစည်ကားရာနေရာများတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဘူးသပိတ် ဖော်ဆောင်

စစ်ကိုင်း၊ အောက်တိုဘာလ ၂၁ စစ်ကိုင်းတိုင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မုံရွာမြို့လူစည်ကားရာနေရာများ၌ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဘူးသပိတ်ကို ယနေတွင် ဖော်ဆောင်ခဲ့ကြသည်။ ထို့အပြင် နွေဦးတော်လှန်ရေးရဲ့ နွေဦးဘဏ်နင့်ချိတ်ဆက်အလုပ်လုပ်ကြဖို့ တောင်းဆိုအပ်ပါတယ်။ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” “ရွှေမန်းသူ၊ရှမ်းမလေး၊ရွေမြိုင်သူ၊ပုသိမ်သူ၊သန်မြန်သူ” ကားငါတို့မစီးဘူး။ “မြန်မာ ဘီယာ” ငါတို့မသောက်ဘူး။ “ဒဂုံ တံဆိပ်(Dagon) အရက်၊အချိုရည်၊ဘီယာ” မသုံးဘူး။ “ရွှေဖီဦး၊nan myaing၊lemon tea” ငါတို့မသောက်ဘူး။ “PREMIUM GOLD၊Red Ruby” ဆေးလိပ်ငါတို့ မသောက်ဘူး။
ရွှေဘိုမြို့ရှိ စစ်ရှောင်ပြည်သူများအား ဒေသခံတော်လှန်ရေးအဖွဲ့က ထမင်းထုပ်များ မျှဝေ

စစ်ကိုင်း၊ အောက်တိုဘာလ ၂၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ရှောင်ပြည်သူများအတွက် ဒေသခံတော်လှန်ရေးအဖွဲ့က ထမင်းထုပ်များကို ယနေ့တွင် မျှဝေခဲ့ပါသည်။ လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က အောင်ချမ်းသာကျေးရွာကို ရောက်ရှိနေတာကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေရကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က သဲအင်းကျေးရွာကို မီးရှို့နေ

မန္တလေးတိုင်း၊ အောက်တိုဘာလ ၁၉ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ယနေ့တွင် မီးရှို့ဖျက်ဆီးနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။ ဒေသခံတစ်ဦးက ” ကြက်တူရွေးရွာကနေ ပစ်ဝင်လာတာ၊ သဲအိမ်ကျေးရွာကို မီးရှို့နေတာ၊ ကြက်တူရွေးကို အရင်ရှို့တာ၊ တစ်အိမ်တည်း နေမှာ အခုတော့ ငြိမ်သွားပြီ၊ အခုဟာက သဲအင်းကျေးရွာတစ်ရွာလုံးကို ရှို့တာ” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က ကြက်တူရွေးရွာကို စတင်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကြက်တူရွေးရွာရှိ နေအိမ်တစ်လုံး နှင့် သဲအင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဟင်္သာမကျေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ကြက်တူရွေးရွာ၊ စဥ့်အိုးကျွန်းရွာ၊ ကျွန်းကြီး၊ ကျွန်းတော်စသည့်ကျေးရွာများမှ ဒေသခံများ […]
09787306226 k pay U TheinThan Aung

ပျားကျေးရွာရှိ အာဏာသိမ်းစစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခ့ရပြီး နှစ်ဦး သေဆုံးနိုင် စစ်ကိုင်း၊ အောက်တိုဘာလ ၁၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team က သတင်းထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ့ငါးနာရီတွင် ပျားကျေးရွာရှိ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒရုန်းဖြင့် ကြဲချခဲ့တာကြောင့် စစ်သား နှစ်ဦး နေရာတွင် လဲကျခဲ့ပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါညတွင် မြင်းခြံမြို့မှ ကားနှစ်စီးဖြင့် ရောက်လာပြီး ထိခိုက်ဒဏ်ရာရစစ်သားများကို လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အထက်ပါစစ်ဆင်ရေးကို MDDS) နှင့်အတူ ဗိုလ်စားပြောက် ကျားတပ်ဖွဲ ၊ MGN 35 ပြောက်ကျားတပ်ဖွဲ […]
“””””ညအထူးဓမ္မသဘင် “”””

—————————————————— မြန်မာနိုင်သား စစ်ဘေးသင့်ပြည်သူများ အတွက်် မဟတ္တမဂန္ဒီဆုရ #ရွှေဝါရောင်အရှင်ထာဝရ(နော်ဝေနိုင်ငံ) အရှင်သူမြတ် တရားပွဲ မှတ်တမ်း ဓာတ်ပုံများ”””” နေရာ==စီမီယာသစ်သီးဝလံဈေးကြီး အလယ်!ဈေးဆောင်အမှတ် (13)။လတ်ချ်ဘူရီမြို့။ထိုင်းနိုင်ငံ။”””
ကနီနွေဦးတော်လှန်ရေးသပိတ်အင်အားစုက တော်လှန်ရေးရုပ်ရှင်ပြသ

စစ်ကိုင်း၊ အောက်တိုဘာလ ၁၇ စစ်ကိုင်းတိုင်း၊ ကနီနွေဦးတော်လှန်ရေးသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ရေးတရားများ နှင့် တော်လှန်ရုပ်ရှင်များကို ပြသနေကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများက စစ်ရှောင်ပြည်သူများကို နေ့လယ်စာ မျှဝေ

စစ်ကိုင်း၊ အောက်တိုဘာလ ၁၇ စစ်ကိုင်းတိုင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်ပြည်သူများကို ယနေ့တွင် နေ့လယ်စာများ မျှဝေခဲ့ကြသည်။
အာဏာသိမ်းစစ်တပ်က နတ်ကြီးရွာမှ ထွက်လာစဉ် မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ အောက်တိုဘာလ ၁၇ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ မှ ထွက်လာသည့်အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သားသုံးဦး သေဆုံးနိုင်ကြောင်း Ngazun PDF ဘက်က ပြောဆိုထားသည်။ ယမန့်နေ့ မနက်ရှစ်နာရီခွဲခန့်တွင် အာဏာသိမ်းစစ်တပ်က နတ်ကြီးရွာ မှ ထွာက်လာပြီး နတ်ကြီးရွာ နှင့် ထနောင်ကုန်းကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းကွင်းများပေါ် ရောက်ရှိလာတာကြောင့် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ငါန်းဇွန်း PDF ဘက်က ပြောဆိုထားသည်။ ယင်းပေါက်ကွဲမှုတွင် အာဏာသိမ်းစစ်တပ်ဘက်က သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အထက်ပါစစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ )ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မြင်းခြံခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁ ငါန်းဇွန်မီးနဂါးပျောက်ကျားအဖွဲ့တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။