ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo Waw နည်းပညာ(Team2)၊ ညောင်ဦးခရိုင်ဒရုန်းတပ်ဖွဲ၊ MHLG Wing ဒရုန်းတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) ၊ မြင်းခြံခရိုင်(ပကဖ)၊ မြောင်မြိုနယ် ကျေးရွာတပ်ပေါင်းစု၊ Thway Thauk Revolution Forces၊ […]

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ

မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူ‌ေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။

ယင်းမာပင်မြို့နယ်တွင် သပိတ်ပေါင်းစုံက တော်လှန်သီတင်းကျွတ်ကို ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်း၊ အောက်တိုဘာလ ၂၉ စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး သပိတ်စစ်ကြောင်း ၉၅၀ရက် ပြည့်မြောက်သောနေ့တွက် ဒေသတွင်း သပိတ်အင်အားစုတွေ ဖြစ်ကြတဲ့ အောင်လံလွှင့်မည် ရွှေရေကြည်၊အောင်လံလွှင့်မည် ဒေါင်းသွေးနီ ၊လူငယ့်အားမာန် သပိတ်စစ်ကြောင်းတို့နှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့တွင် ဆင်နွှဲခဲ့ကြပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့က တော်လှန်သီတင်းကျွတ်ကို ဆင်နွှဲ

စစ်ကိုင်း၊ အောက်တိုဘာလ ၂၉ စစ်ကိုင်းတိုင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တော်လှန်သီတင်းကျွတ်ကို ယနေ့တွင် ဆင်နွှဲခဲ့ကြသည်။

“””””အရေးပေါ် စာနာမှုမေတ္တာ အလှူ “””””

၁..။ကန့်ဘလူ(အကြွေ) Campaign မှ သိန်း ၁၀၀ ကျပ်အလှူ “” ၂…။ဒါရိုတ်တာသည်ခေတ်နေနှင့်မြို့ပြပြောက်ကျားရုပ်ရှင်အဖွဲ့ မှ သိန်း ၅၀ ကျပ် အလှူ””””” ၃..။ဆာတိုးရီ ဝ်ိဟာရ နွေဦးမေတ္တာ ကမ်ပိန်း မှ သွေးသစ်စာသင်ကျောင်းသို့ သိန်း ၁၅၀ ကျပ် အလှူ”””””

ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာ ခြောက်မျိုး ထောက်ပံ့

စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၂၃ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူသောင်းချီ ရှိနေတာကြောင့် ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ယနေ့တွင် ထန်းကြီးရွာ၊ ကျောင်းဖြူရွာ နှင့် ပဲ့သူကြီးရွာရှိ ဒေသခံပြည်သူ ၁၅၀ ခန့်ကို ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ရှူးရှဲလက်ဖက် နှင့် ယမ်ယမ်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ကူညီခဲ့ကြသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီ‌အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး “‌‌ဖက်ဆစ်ဝင်‌ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ” ဘန်နာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

DDMSC\အောက်တိုဘာလ ၂၃ ရက် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီ‌အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြိုနယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ကို ယနေ့တွင် ပြုလုပ်ခဲ့ပါတယ်။