စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၂၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူသောင်းချီ ရှိနေတာကြောင့် ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ယနေ့တွင် ထန်းကြီးရွာ၊ ကျောင်းဖြူရွာ နှင့် ပဲ့သူကြီးရွာရှိ ဒေသခံပြည်သူ ၁၅၀ ခန့်ကို ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ရှူးရှဲလက်ဖက် နှင့် ယမ်ယမ်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ကူညီခဲ့ကြသည်။





















