ရေလယ်ကျွန်းဒေသ တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်သားလေးဆယ်ခန့် သေဆုံးပြီး Myingyan Black Tiger – MBT ရဲဘော်တစ်ဦး ကျဆုံး

မကွေး၊ အောက်တိုဘာလ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားလေးဆယ်နီးပါး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT ဘက်က ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

Myingyan Black Tiger – MBT ပြောခွင့်ရက ” ဒီကောင်တွေဘက်က တော်တော်ကျတယ်၊ တမန့်နေ့က စက်လှေနှစ်စီးနဲ့ သေဆုံးတွေကော ဒဏ်ရာရတွေကော သယ်သွားတယ်၊ ဒီနေ့ ကားနှစ်စီး ဖော့ကားတစ်စီး ရိုးရိုးဟိုက်ဂျက်တစ်စီးနဲ့ သေဆုံးတွေကို သယ်သွားတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီး အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှင့် ပေါက်အူရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း အထိနာသည့်အာဏာသိမ်းစစ်တပ်က ပြန်လည်ဆုတ်ခွာခဲ့ပြီး ယမန့်နေ့ နေ့လယ်တစ်နာရီခွဲတွင် ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် လှေခုတ်ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းနှစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က လေးဆယ်ခန့် သေဆုံးနိုင်ပြီး Myingyan Black Tiger – MBT ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

အထက်ပါစစ်ဆင်ရေးကို Myingyan Black Tiger၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ LY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group ၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ နဂါးညီနောင်တပ်ဖွဲ၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Urban Underground Revolution Force.UURF.YSO၊ ရေညာမြေအထူးကိုမန်ဒိုတပ်ဖွဲ နှင့် အခြားသော ညီနောင်မဟာမိတ်အင်အားစုများက တိုက်ခိုက်ခဲ့တာ ဖြစ်သည်။

Post List #3

ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို

ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို

IsahfAdminOct 30, 20231 min read

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်

IsahfAdminOct 30, 20231 min read

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

dummy-img

မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

IsahfAdminOct 29, 20231 min read

မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ

Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ

IsahfAdminOct 29, 20231 min read

မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

IsahfAdminOct 29, 20231 min read

တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူ‌ေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *