စစ်ကိုင်း၊ အောက်တိုဘာလ ၁၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အာဏာသိမ်းစစ်တပ်က ရိက္ခာဝယ်ပြီး ပြန်လာစဉ် ကင်းပုန်းဝပ်နေရာများ နှင့် စစ်ကားကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ Red Peacock သတင်းမီဒီယာက သိရှိရသည်။
ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ” အလောင်းတွေ ပြန်ရတယ်၊ ယောင်္ကျားလေးတွေပါ၊ ဆိတ်ကျောင်းနေရင်း ပစ်သတ်ခံခဲ့ရတာ” လို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြွယ်ပုံရွာရှိ အာဏာသိမ်းစစ်တပ်က ရိက္ခာဝယ်ပြီး ပြန်လာသည့်စစ်ကားကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကင်းပုန်းဝပ်နေရာများကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦး သေဆုံးပြီး ယမန့်နေ့တွင် မောင်းမရသည့်စစ်ကားကို စစ်တပ်ဖြင့် လာရောက်ယူဆောင်ပြီး အနီးရှိ ဆိတ်ကျောင်းနေသည့် အမျိုးသားနှစ်ဦးကို သတ်ပစ်ခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို Phoenix SGG၊ Royal Falcon Guerrilla Force၊ Fight For Federal၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့ပူးပေါင်း၍ စစ်ကိုင်းမြိုနယ် ပကဖ မှ ထုတ်လုပ်သော Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၏ သိန်း ၂၀၀ ကမ်ပိန်းကိုလည်း ပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါသည်။





Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။