စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၁၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ပေကြီးရွာကို အာဏာသိမ်းစစ်တပ်က ယနေ့ညနေ့ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူတတ်ကြွလှုပ်ရှားသူကြသူများအဖွဲ့က ပြောဆိုထားပါတယ်။
ယနေ့ ညနေ့လေးနာရီခန့်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း၃၆၁ နှင့် ပျူစောထီးပူးပေါင်းအင်အားတစ်ရာခန့်က ပေကြီးရွာကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ပြောခွင့်ရက ” ရွာကတော့ အခုထိ ဝင်မရဘူးဗျ၊ စစ်ကြောင်း မထွက်သေးဘူး၊ ရွာသုံးရွာလောက်တော့ ရှောင်နေရတယ်။ ” လို့ ပြောဆိုခဲ့သည်။
အဆိုပါအာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ငှက်ပျောတိုင်းအနီးရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ခအုံးတာရွာ နှင့် ပေကြီးရွာကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က ပေကြီးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပေကြီးရွာ၊ ငှက်ပျောတိုင်ရွာ နှင့် ခအုံးတာရွာရှိဒေသခံပြည်သူများက စစ်ဘေးရှောင်နေရပြီး ပေကြီးရွာမှာ ငှက်ပျောတိုင်းရွာ၏တောင်ဘက်တည့်တည့် ၆ မိုင်ခန့်အကွာဗျူဟာလမ်းပိုင်းတွင် တည်ရှိကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းကြောင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား အသုံးပြု၍ မရဘဲ ခရီးသွားပြည်သူများလည်း အခက်အခဲကြုံတွေ့နေရကြောင်း ကျွန်းလှ – ကန့်ဘလူတတ်ကြွလှုပ်ရှားသူကြသူများအဖွဲ့က ပြောဆိုထားပါတယ်။
ပြီးခဲ့သည့်အောက်တိုဘာလ ၆ ရက်နေ့တွင် ယင်းစစ်ကြောင်းက အင်းလယ်ကြီးကျေးရွာရှိ စစ်ဘေးရှောင်တဲမှာ မောင်ပိုင်သက်ကျော်(၁၆)နှစ်၊ ကိုတာဝေး(၃၀) နှစ် နှင့် ကိုကျောက်စိမ်းဦး(၃၀) နှစ်တို့ကို ဖမ်းဆီးပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် မောင်ပိုင်သက်ကျော်ကို ပြန်လွှတ်ပေးပြီး ကျန်နှစ်ဦးကို ငါတို့ရွာသုဿာန်တွင် သတ်ပစ်ခဲ့သေးကြောင်း သိရပါတယ်။
Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။