မန္တလေးတိုင်း၊ စက်တင်ဘာလ ၂၈
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာအများ အပြားရှိပြည်သူများ အာဏာသိမ်း စစ်တပ်ကြောင့် တိမ်းရှောင်နေရကြောင်း မတ္တရာမြို့နယ်ပကဖက ပြောဆိုခဲ့ပါသည်။
မတ္တရာပကဖပြောခွင့်ရက “မနေ့ကမြစ်ရိုးတကြောမှာ ရှိတဲ့ရွာတွေကို ထိုးတဲ့စစ်ကြောင်းကလည်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတင်ဆောင်သွားတယ်။ နယ်မြေရှင်းလင်းတာပဲ ဖြစ်နိုင်တယ်၊ တန်ဖိုးကြီးပစ္စည်းတွေလည်း တင်ဆောင်လာတယ်၊ သေချာတာတခုကတော့ အထက်က စုန်လာမဲ့ စကစ သံခွန်ခြောက်စီးက ပြည်သူပိုင်တွေကို ခိုးယူတင်ဆောင်လာတယ် ဧရာဝတီမြစ်ရိုး တလျောက် ပေါ့။ စစ်ကြောင်းကတော့ နေရာအစုံမှာရှိနေတာ ဧရာဝတီမြစ်ရိုးနေတဲ့ ရွာတွေ ကျေးရွာပေါင်း ၅၀ နဲ့၁၀၀ ကြားက ရှောင်နေရတယ်။ မနေ့က ဒေါင်းကျွန်းမြောက်ရွာ နှစ်အိမ် ၊ ဒီနေ့ ရေလည်ကျွန်း တစ်အိမ်” လို့ ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က တပ်ရွာကို ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးထံမှ သိရှိရသည်။
ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် မတ္တရာမြို့အနောက်ခြမ်းရှိ ရေလယ်ကျွန်းရွာမှ ဒေသခံပြည်သူနေအိမ် တစ်ချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း Wetlet Information Network ဘက်က ပြောဆိုထားသည်။
Photo – ဒေါင်းကျွန်းကျေးရွာရှိပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်ပုံ

Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။