စစ်ကိုင်း၊ စက်တင်ဘာလ ၂၅
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်က ကင်းကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး အနောက်ဘက်ကင်းကျောင်းကြီးကို ထွက်လာစဉ် မိုင်းဆွဲခံရတာကြောင့် ထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်သူ့တပ်မတော် – မြောင်က သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ပြောခွင့်ရက ” ငါးယောက်က လေထဲမြောက်သွားတာ၊သုံးယောက်တော့ နေရာတွင် သေဆုံးတယ်၊ ကျောက်ရစ်အထိုင်စခန်းကို ပြန်သွားတယ်၊ သူတို့လိုချင်တာတွေ ယူသွားတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ယနေ့မနက်ငါးနာရီခန့်တွင် ကျောက်ရစ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်က ကင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး ကင်းကျေးရွာရှိပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကာ မနက်ရှစ်နာရီခန့်တွင် အနောက်ဘက်ကင်းကျောင်းကြီး ထွက်လာစဉ် မိုင်းဆွဲခံရတာ ဖြစ်ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို ခွပ်ဒေါင်းမာန် LPDF မှ ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (Myaung Union Army)၊ စစ်ကိုင်းခရိုင် တပ်ရင်း၂ (တပ်ခွဲ-၃) ၊ ကျေးရွာ ပကဖ အဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။