မွန်၊ စက်တင်ဘာလ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခမရ ၅၅၈ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C က သတင်းထုတ်ပြန်ထားပါသည်။

ယမန့်နေ့ညနေ့ပိုင်းတွင် မော့ကနင်ကျေးရွာ နှင့် ကြိုးတံတားကြားရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခမရ ၅၈၈ တပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်း PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပ်တွင်းသတင်းပေးများ၏ပေးပို့ချက်အရ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C ဘက်က ပြောဆိုထားသည်။

လက်ရှိအချိန်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် စစ်ဆေးတောင်ရွက်ပေးနေကြောင်း သိရသည်။

အလားတူ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုး မပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ အတွက် တောင်းဆိုထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *