မကွေးတိုင်း၊ စက်တင်ဘာလ ၁၉
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးအပါအဝင် ပြည်သူ့ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရက ” ခုရက်ပိုင်း စကစနဲ့ ထိတွေ့မှုဖြစ်စဉ်အချို့လည်း ရှိနေပါတယ်။ ဒဏ်ရာရသူတွေက အဆင်ပြေတဲ့နေရာမှာ ကုသမှုခံယူနေကြရပါတယ်ဗျ။ ဝန်းကျင် ကျေးရွာတွေ တိမ်းရှောင်နေကြရပါတယ်ဗျ” လို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်နေ့က မြောက်ခင်ရန်းရွာရှိ အာဏာသိမ်းစစ်တပ်က ၁၂၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် မြင်သာကျေးရွာရှိ ပြည်သူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ကလေးအပါအဝင် ပြည်သူကိုးဦး ထိမှန်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦက နေရာတွင် သေဆုံးခဲ့ပြီး အသက် ၆၉ နှစ်အရွယ် အမျိုးသမီးက ယနေ့တွင် ဆေးကုသရင်း ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရက ” ခုကတော့ နီးစပ်ရာ ရှောင်နေကြရပြီး မိုးတွင်းဖြစ်တော့ အမိုးအကာနှင့် အဝတ်အထည် ချို့တဲ့ကြပါတယ်၊ ကာလကြာရင်တော့ ရိက္ခာလိုအပ်ချက်လည်း များလာနိုင်ပါတယ်” လို့ ပြောဆိုခဲ့သည်။
ယင်းပစ်ခတ်မှုများကြောင့် သက်(၃)နှစ်အရွယ် မိန်းကလေးငယ်၏ ညာခြေသို့လက်နက်ကြီးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ညာခြေသို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဘယ်ခြေထောက်သို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုး ရိမ်ရ)၊ အသက်(၇၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘယ်လက်မောင်းရင်းသို့ လက် နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ပေါင်ရင်းသို့လက်နက်ကြီးစထိမှန်(စိုးရိမ်ရ)၊ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်နှင့် ဘယ်ခြေသို့ လက်နက်ကြီးစထိမှန်(စိုးရိမ်ရ)နှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ညာနောက်ကျော (လက်မောင်းရင်း)သို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လိုအပ်ချက် ရှိသည့်နေရာတွေဆီ အကူအညီများကို အတတ်နိုင်ဆုံး ပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။




Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။