မကွေး၊ စက်တင်ဘာလ ၁၆
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ဒေသခံအမျိုးသားနှစ်ဦး နှင့် ပြည်သူ့ ကာကွယ်ရေးရဲဘော်နှစ်ဦးကို သတ်ဖြတ်ပစ်ခဲ့ကြောင်း မြိုင်ပကဖတာဝန်ခံဗိုလ်လက်ယာက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်နေ့က အင်အားနှစ်ရာခန့်ဖြင့် အာဏာသိမ်းစစ်တပ်က မြိုင်မြို့ တောင်ဘက် စက်မှု ၂ မှ ထွက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝက်ပုတ်ရွာ နှင့် မြိုစိုးရွာတောင်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား သုံးဦး ထိမှန်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးရဲဘော်ကို ဝါးကြီးတောကျေးရွာအနီးတွင် ပစ်ခတ်ဖမ်းဆီးသည့်အပြင် တဲတစ်လုံးတွင် မီးရှို့သတ်ဖြတ်ပစ်ခဲ့သည်။
မြိုင်ဒရုန်းတာဝန်ခံက ” ပကဖ ကရဲဘော်နဲ့ မြိုစိုးရွာကရဲဘော်ဗျ” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
အဆိုပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းက မြိုစိုကျေးရွာကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မြိုစိုးကျေးရွာရှိ ကာကွယ်ရေးရဲဘော်တစ်ဦးကို ကျည်ထိမှန် ကျဆုံးခဲ့ပြီး ၎င်းတို့က မြိုစိုးကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး ကြက် နှင့် ဝက်များကို ဖမ်းဆီးစားသောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရော့ကတ်ခြောက်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြကသည်။
ယမန့်နေ့ မနက် သုံးနာရီခန့်တွင် မြိုစိုးကျေးရွာရှိ အာဏာသိမ်းစစ်တပ်က သက္ကယ်ရွာအနီးရှိ ဆယ်ဘောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းတို့က စစ်ရှောင်တဲများ နှင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက မနက်ဆယ်နာရီခန့်တွင် Drop Bomb ကိုးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သားငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် သက္ကယ်ကန်ကျေးရွာအနီးကို ဖြတ်သန်းစဉ် ပေပါမိုင်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့သည်။
အလားတူ ညနေ့ ငါးနာရီခွဲခန့်တွင် အာဏာသိမ်းစစ်တပ်က သက္ကယ်ကန်ကျေးရွာ မှ ဆားထုံးကြွယ် ကျေးရွာကို ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ တိုက်မိုင်း သုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းစစ်ကြောင်းက ညနေ့ ခြောက်နာရီခန့်တွင် မြိုင်မြို့အနောက်ဘက်ရှိ ကိုးဆောင်ဘုန်းကြီးကျောင်းကို သွားရောက်ခဲ့ကြောင်း သိရသည်။
ယနေ့မနက်ခုနစ်နာရီခန့်တွင် ၎င်းစစ်ကြောင်းက မြိုင်မြို့မြောက်ဘက် ကန်ကြီးတောအနောက်ရွာကို စစ်ကြောင်းထိုးလာပြီး ဖမ်းဆီးလာသည့်ဒေသခံပြည်သူနှစ်ဦးကို ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
၎င်းအသတ်ခံလိုက်ရသည့်ဒေသခံအမျိုးသားနှစ်ဦးမှာ ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံရသည့် သရက်ကန်ဇာတိ၊ ဇီးတောတိုက်ရွာနေဦးဝင်းအောင် (၅၁)နှစ် – နာမည်လွှဲ နှင့် ထန်းငယ်တောရွာနေ ကိုဇော်ကြိုင်(၄၇ နှစ် – နာမည်လွှဲ) တို့နှစ်ဦး ဖြစ်ကြောင်း မြိုင်ပကဖဘက်က ပြောဆိုထားသည်။
အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့တာကြောင့် အရာရှိတစ်ဦး ထိမှန်လဲကျပြီး စစ်သားလေးဦး ကျည်ထိမှန်ခဲ့သည့်အပြင် Drone များ အသုံးပြုပြီး ဗုံးသီး ၄၈ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကာ ကန်ကြီးတောတွင် အာဏာသိမ်းစစ်တပ်က အနားယူနေစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရော့ကတ် ၁၈ လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် ကန်ကြီးတောရွာ မှ အင်းရောင်းရွာ၊ ပေါက်ပြင်းရွာဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း မြိုင်ပကဖဘက်က ပြောဆိုထားသည်။
အထက်ပါစစ်ဆင်ရေးကို မြိုင်ပကဖတပ်နှင့်အတူ ခရိုင် PDF တပ်ရင်း ၂၊၆၊၇တိုဖြင့်လည်းကောင်း၊ ပူးပေါင်းကာကွယ်ရေးအဖွဲများက ဆောင်ရွက်ခဲ့တာ ဖြစ်သည်။


Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။