” ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC သို့ အလှူရှင်များ မှ စုစုပေါင်း သိန်း (၁၉၀) ကျော် အလှူ”
အကြောင်းအရာ။ ။ အလှူငွေပေးအပ်ပွဲ
နေ့ရက်။ ။၁၀.၀၉.၂၀၂၃
အချိန် ။ ။မြန်မာစံတော်ချိန် ညနေ(၇း၀၀) တိတိ ပြုလုပ်ခဲ့ပါသည်။
“အထူးဧည့်သည်တော်များ”
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမိုးဇော်ဦး (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဌ ခွန်မြင့်ထွန်း နှင့် နိုင်ငံတကာရောက် အဖွဲ့အစည်းများ ပါဝင်သည့် fundraiser များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ရွှေဝါရောင် အရှင်ထာဝရမှ အဖွင့်နှုတ်ဆက် မိန့်ကြားခဲ့ပါတယ်။
“လက်ရှိတော် လှန်ရေးက ရောင်စုံပန်းခင်းကြီးနဲ့ အတူတူပါပဲ ပန်းတိုင်းလှနေဖို့ အရေးကြီးပါတယ်။ဒီနေ့ပွဲလေးကလည်း ပန်းပေါင်းစုံ စုစည်းညီညွတ်ဖို့ အတွက် ဆောင်ရွက်တာဖြစ်လို့ ဘုန်းဘုန်းတို့ မိသားစုတွေက ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC သို့ အလှူငွေများများထည့်ပေးကြပါဖို့ အထူးတိုက်တွန်းလိုပါတယ်။ကိုခွန်းမြင့်ထွန်းနဲ့ကတော့ အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။၂၀၀၇ နောက်ပိုင်းထဲက ပြောလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)၊
“ကျွန်တော် ကျောင်းသားဘဝထဲက သိခဲ့ရတဲ့ ကိုခွန်းမြင့်ထွန်းနဲ့ အခုပြန်ဆုံရတာ အထူးဝမ်းသာတယ်။ဆရာတော်နဲ့ကတော့ တော်လှန်ရေး တစ်လျှောက်လုံး အတူတူ လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်ကတော့ တော်လှန်ရေးက အရေးကြီးဆုံ သမိုင်းလမ်းဆုံကိုရောက်ရှိနေကြပြီး ဖြစ်လို့ ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ရှေ့ဆက်ကြဖို့ တိုက်တွန်းရင်း စကားနိဂုံး အချုပ်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမိုးဇော်ဦး (နိုင်ငံခြားရေးဝန်ကြီးဌာန)
“တောထဲ တောင်ထဲရောက်ရင်း သူ့အိမ်ရောက်ဖြစ်တယ်၊ သူတို့နဲ့ကျွန်တော်ဆိုတာ တစ်စိမ်းတွေမဟုတ်ပါဘူး တော်လှန်ရေး ရဲဘော်ရဲဘတ်တွေလို့ ပြောလို့ရပါတယ်။ဒီအတွက် အခုလို နိုင်ငံတကာရောက် မိသားစုများက စုပေါင်းပြီး ကူညီပေးတာကို အထူးကျေးဇူးတင်ပါတယ်။လက်ရှိအခြေအနေက ကျွန်တော်တို့ဘတ်မှာ ရှိနေပြီမို့ အဆုံးအထိ ဆက်လက်သွားကြပါစို့လို တိုက်တွန်းပါတယ်”
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဌ ခွန်မြင့်ထွန်း
“ဒီနေ့ကတော့ မိတ်ဆွေ မိသားစုတွေ ဆုံတဲ့ပွဲလို ပြောပါရစေ ဝန်ကြီးတွေနဲ့ကတော့ ၁၉၉၀ ခုနှစ်လောက်ထဲက အတူတူဆောင်ရွက်ခဲ့ကြတာပါ ဒါကြောင့်လည်း ဒီနေ့ပွဲလေးက ငွေထက် မေတ္တာတွေ ပေါင်းကူးပေးတဲ့ ပွဲလို့ပဲ ပြောချင်ပါတယ်။ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်။အဲဒီအတွက်လည်း နိုင်ငံတကာရောက် ကျွန်တော်တို့ ပြည်သူတွေကို လက်ရှိအခြေအနေတွေကိုလည်းအကျဉ်ချုံးတင်ပြချင်ပါတယ်။တော်လှန်ရေးကာလ ဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အတူတူလက်တွဲ ဆောင်ရွက်နေပါတယ်။တစ်ချို့လည်း ကျွန်တော် ပအိုဝ်း လူမျိုးများနဲ့ ပတ်သက်ပြီးတော့ အထင်မြင်လွဲနေတာတွေရှိပါတယ်။ကျွန်တော် အထဲမှာလည်း ကွဲပြားမှုတွေရှိနေတာ အမှန်ပါပဲ သို့သော် ကျွန်တော်တို့ကတော့ ပြည်သူတွေနဲ့အတူတူ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာအောင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အတူတူလက်တွဲ ဆောင်သွားမှာဖြစ်ကြောင်း ထပ်လောင်း၍ ပြည်သူတွေကို အသိပေးပါတယ်”
အလှူရှင်များ
၁။ ကိုဌေးအောင် (မလေးရှား) – 500,000 MMK (၅ သိန်း ကျပ်)
၂။ ကိုမောင်ကောင်း (ဩစတျေးလျ) – 500 USD
၃။ အရှင်ထာဝရဖောင်ဒေးရှင်း(မလေးရှား) – 3,000,000 MMK (၃၀ သိန်း) မတည်
၄။ ကျော်နှင့်မီး (အမေရိကန်) – 1,000,000 MMK (၁၀ သိန်း ကျပ်)
၅။ စောမှူးမှူး၊ NLD (OC)International Malaysia (မလေးရှား) – 1,000,000 MMK (၁၀ သိန်း ကျပ်)
၆။ ကာယကံမေတ္တာရှင်ပရဟိတ(အသင်းအီပိုးမြို့) – 500,000 MMK (၅ သိန်း ကျပ်)
၇။ ဦးကိုဦး – 500,000 MMK (၅ သိန်း ကျပ်)
၈။ ကိုစိုးအောင် – 500,000 MMK (၅ သိန်း ကျပ်)
၉။ အမေရိကန် အခြေစိုက် အဖွဲ့ – 3,000,000 MMK (၃၀ သိန်း ကျပ်) (တဦးချင်း)
၁၀။ ဒေါက်တာမြင့်ထွန်း (Australia) – 4,000,000 (သိန်း ၄၀ ကျပ်)
၁၁။ မမေ NY – 500,000 MMK (၅ သိန်း ကျပ်)
၁၂။ ကိုအောင်အေးဝင်း၊ LDB Nagoya (ဂျပန်) – 500,000 MMK (၅ သိန်း ကျပ်)
၁၃။ တော်လှန်ရေးအောင်ပွဲ – ထိုင်း – 10,000 THB (ဘတ် တသောင်း)
၁၄။ ကိုနေလှိုင်+ ကိုထွန်းထွန်းလတ် – 500 MYR (ရင်းဂစ် ၅၀၀)
၁၅။ ဦးလှခိုင်၊ ဥက္ကဋ္ဌ AAC (ထိုင်း) – 1,000,000 (၁၀ သိန်း ကျပ်)
၁၆။ ကိုသက်လင်းနှင့်ညီအကိုများ – 500 MYR (ရင်းဂစ် ၅၀၀)
၁၇။ ကိုထွန်းထွန်းဝင်း – 500 MYR (ရင်းဂစ် ၅၀၀)
၁၈။ ကိုကျောက်ဖား – 300 MYR (ရင်းဂစ် ၃၀၀)
အသီးသီးပေးအပ်ခဲ့ကြပါသည်။
စုစုပေါင်း
မြန်မာကျပ်ငွေ – 16,000,000 MMK (၁၆၀ သိန်း ကျပ်)
ထိုင်းဘတ် – 10,000 THB (တသောင်း ဘတ်)
မလေးရင်းဂစ် – 1,800 MYR (၁ ထောင် ၈ ရာ ရင်းဂစ်)
US ဒေါ်လာ – 500 USD
အသီးသီးပေးအပ်ကြပြီး
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC မှ ကျေးဇူးတင် စကားပြောကြားပေးကာ အစည်းအဝေးကို ပိတ်သိမ်းခဲ့ကြပါသည်။
တို့ပြည်သူနှင့်အတူ တို့ကြည်ဖြူတဲ့ အစိုးရနဲ့အတူ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့
နိုင်ငံတကာ မြန်မာပြည်သူ့ပြည်သားများအားလုံးကို အထူးကျေးဇူးတင်ပါသည်။
အရေးတော်ပုံ အောင်တော့မည်။
သတင်း၊ ဓာတ်ပုံ
(The Satellite For Myanmar Democracy)
D-Day Channel
လေးစားဦးညွှတ်လျှက်

Leave a Reply

Your email address will not be published. Required fields are marked *