စစ်ကိုင်း၊ စက်တင်ဘာလ ၃
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့်လောင်စာဆီတွေ အဓိကတင်ဆောင်လာသည့်အာဏာသိမ်းစစ်တပ်လက်အောက်ခံရေယာဉ် ၁၁စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Brother Defence Force က သတင်းထုတ်ပြန်ခဲ့ပါသည်။
ယမန့်နေ့ ညနေ့ လေးနာရီခန့်က အာဏာသိမ်းစစ်တပ်ရေယာဉ်အုပ်စုက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှေ့ထွက်ပြောင်း နဲ့လက်နက်ငယ်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်သည်။
Brother Defence Force ပြောခွင့်ရက ” ရှေ့ထွက်မိုင်းတွေ၊ ရှေ့ထွက်ပြောင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ။ လက်နက်ခဲယမ်းတွေ အဓိကလောင်စာဆီတွေ တင်လာတာ။ ကျွန်တော်တို့ ပစ်တာ ထိတယ်။ အလုံမင်းဒေါင့်ဆိပ်ကမ်းကို ဆိုက်ကပ်သွားတယ်။ ဖလပ်နှစ်စီးက စကစတွေ တပ်စွဲထားတဲ့ပန်းတိမ်ပြင်သစ်ကွင်းကို ညတွင်းချင်း ပြန်သွားတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်စစ်သင်္ဘော ၁၁စီးအုပ်စုက အလုံမင်းဒေါင့်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး ၎င်းတို့ထဲက ဖလက်စစ်သင်္ဘောနှစ်စီးက ညတွင်းချင်း ပန်းတိမ်ပြင်သစ်ကွင်းရှိစစ်ကောင်စီစစ်စခန်းကို ပြန်လည်ဆိုက်ကပ်သွားသည်။
အဆိုပါစစ်ဆင်ရေးကို Brother Defence တပ်ဖွဲ့ နှင့် မဲမှောင်ပျောက်ကြားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။



Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။