စစ်ကိုင်း၊ စက်တင်ဘာလ ၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နွားစာရိတ်နေသည့် အသက် ၂၁ နှစ်အရွယ် ဒေသခံအမျိူးသားလူငယ်တစ်ဦးကို ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့က ဖမ်းဆီးပြီး သတ်ပစ်ခဲ့ကြောင်း မြောင် CDSOM – ကိုနွေဦးမြောင် က Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါသည်။
မြောင် CDSOM – ကိုနွေဦးမြောင်က ” ၃၁ရက်နေ့ အဖမ်းခံရတယ်။ မြောင်မြို့တောင်ဘက်ခြမ်းက ရပ်ကွက်တစ်ခုကပါ။ အသတ်ခံရသူနာမည်က မျိုးသူ၊ မိန်းမတော့ရှိတယ်။ ကလေးတော့ မရှိသေးဘူးဗျ။ အဲလိုမျိုးက အရင်ဘီလူးစစ်ကြောင်းတုန်းက လုပ်တဲ့ပုံစံနဲ့လည်း တူနေတော့ သူတို့ဆိုတာ သေချာသလောက်ရှိပါတယ်။ အဖမ်းခံရပြီး လွတ်လာသူတွေဆီက သိရတာပါ။” Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က မြောင်မြို့ပေါ်တွင် ပြည်သူများကို မထင်ရင် မထင်သလို ဖမ်းဆီးစစ်ဆေးနေပြီး ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။
အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး မြောင် CDSOM – ကိုနွေဦးမြောင်က “ခုဖမ်းထားတာက မြို့ပေါ်က ချည်းပဲ။ ခွေးတွေရောက်ကတည်းကမြို့ပေါ်ပဲနေပြီး ပတ်ဖမ်းနေတာ။ မိသားစုလိုက် ပြေးကုန်ကြတာ တွေလည်း ရှိတယ်။လူငယ်တွေကတော့ နယ်ဘက်တွေ ထွက်ပြေးလာကြရတယ်။ ဖမ်းထားတဲ့သူ တော်တော်များများလည်း သေလား ရှင်လား မသိရတော့ဘူး၊ တွေ့လို့ရတဲ့သူတစ်ချို့ကတော့ ဒဏ်ရာတွေက သေဖို့တွေများတယ်” လို့ ထပ်မံ ပြောဆိုခဲ့သည်။
အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရမှာစိုးရိမ်နေတာကြောင့် ပြည်သူများက နီးစပ်ရာကျေးရွာ များကို ရှောင်ပြေးနေရကြောင်း သိရှိရသည်။
Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။