စစ်ကိုင်း၊ စက်တင်ဘာလ ၂
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံများကို သုံးရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့ မှ စတင်ပြီး စက်တင်ဘာလ ၁ ရက်နေ့အထိ ပြည်သူ့ ကာကွယ်ရေးတပ်တွေက ရွာသာရွာရှိ အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရာရှိအပါအဝင် ၁၆ ဦးထိ သေဆုံးခဲ့ကာ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ပြောဆိုထားပါသည်။
ဒေသခံများ၏ပြောကြားချက်အရ သေဆုံးသွားသည့်အာဏာသိမ်းစစ်တပ်လက် အောက်ခံများကို ရွာသာရွာရွာရှိ နွားခြံကုန်းထဲတွင် မြေမြုပ်သင်္ဂြိုလ်ခဲ့ပြီး ထိခိုက်သွား သည့်အရာရှိများကို ထုံကြီးကျေးရွာဆေးရုံကို ခေါ်ဆောင်သွားခဲ့သည်။
အလားတူ ဆေးကုသရင်း သေဆုံးသွားသည့် စစ်သားများကို မန္တလေးနန်းတွင်းကို ပြန်လည်ခေါ်ဆောင်သွား ခဲ့သည့်အပြင် အာဏာသိမ်းစစ်တပ်က ငါးကြင်းမြီးစက် သေနတ်များဖြင့် နီးစပ်ရာ ကျေးရွာများကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ ကျောက်ဆည်နဂါးနီ ဒရုန်းတပ်ဖွဲ့၊ကျောက်ဆည်နဂါးနီတပ်ရင်း၁၊မိထ္တီလာပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့- Lightning Drone Force ၊ Demo Pauk kwae (ဒီမိုပေါက်ကွဲ)၊ဆားထောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိတ်၊ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ Eagle -သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ နှင့်Civil MEDIA SRPST တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။







Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။