မကွေး၊ စက်တင်ဘာလ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့ မှ မြိုင်မြို့သို့ ထွက်ာလသည့်အာဏာသိမ်းစစ်တပ်ထောက်ပို့ယာဉ်တန်းအတွက် လုံခြုံရေးလာယူသည့် တွင်းမရွာမှ အာဏာသိမ်းစစ်တပ်လက်အောက်ခံများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြိုင်တာဝန်ခံဗိုလ်လင်္ယာက ” ခုထိ သရက်ကန်အနီးရှိ ယာဥ်တန်းက ရှိနေတယ်။ ဇော်နိုင်ဌေး(နာမည်လွှဲ)ကို သတ်သွားတယ် မကျည်းတန်းရွာထဲမှာပဲ။ သူက မရှောင်တာ သူတစ်ယောက်တည်းကျန်တာ အားလုံးရှောင်” လို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ရက်နေ့ တွင် ပခုက္ကူ မှ မြိုင်သို့ ထွက်လာသည့် အာဏာသိမ်းစစ်တပ်ထောက်ပို့ယာဉ်တန်းစစ်ကြောင်းအတွက် တွင်းမရွာရှိ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံစစ်သားများ နှင့် ပျူစောထီးများက လုံခြုံရေးယူရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့တင်မောင်လင်း(နာမည်လွှဲ) သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

အဆိုပါနေ့ ညနေ့ပိုင်းတွင် တွင်းမရွာရှိ အာဏာသိမ်းစစ်အုပ်စုစစ်စခန်း မှ ထွက်လာပြီး ရွှံဗွက်နစ်သည့် ထောက်ပို့စစ်ကားယာဉ်တန်းများ၊ လုံခြုံရေးယူနေသည့်အာဏာသိမ်းစစ်ကောင်စီစစ်သားများကို ဒရုန်းဖြင့် အီနာဂါအလုံး ရှစ်ဆယ်ခန့် ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရှိရသေးကြောင်း မြိုင်ပကဖဘက်က ပြောဆိုထားသည်။

အာဏာသိမ်းစစ်တပ်က အထိနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ရက်နေ့ ညနေ့ပိုင်းမှာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် သာစည်ရွာမှ ဒေသခံတစ်ဦး နှင့် မြေရင့်ရွာမှ ဒေသခံတစ်ဦးတို့ လက်နက်ကြီး ထိမှန်ခဲ့သည့်အပြင် မန်ကျည်းတန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးကို သတ်ပစ်ခဲ့သေးကြောင်း သိရပါသည်။

Eagle Brigade ပြောခွင့်ရက ” ခြောက်လုံးတွဲဗုံးသီးက ကားပေါ်လောက် တည့်တည့်ကျတယ်။ အားလုံးပြီးလို့ ပြန်သိမ်းတုန်း ခြောက်ဆယ်နဲ့ကောင်တာ ပြန်တာ။ နေ့လည်ကလည်း သေနတ်တွေ ပစ်ဖောက်တယ်၊ စာသင်ကျောင်းကွက်လပ်အလည်တည့်တည့်ကျပြီး တစ်ယောက်တော့ မစိုးရိမ်ရဒဏ်ရာ ရသွားတယ်”လို့ ပြောဆိုခဲ့သည်။

အထက်ပါစစ်ဆင်ရေးကို မြိုင်ပကဖ၏ တပ်ရင်း၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ ၊ Myaing Warriorsတပ်ဖွဲ ၊ Hero New GZတပ်ဖွဲ ၊ MRDFတပ်ဖွဲ ၊ MFDFတပ်ဖွဲတိုနှင့် KMDF (ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ) ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၀) ရေစကြို phoenix ပြောက်ကျားတပ်ဖွဲ၊ N.YSO ရေစကြို၊ MSDF(Myaung Special Drone Force)၊ MFDF(Myaing Fighter Defence Force)၊ MVRF တပ်ရင်း နှင့် Eagle Brigade တပ်ဖွဲတိုက ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ။

Leave a Reply

Your email address will not be published. Required fields are marked *