မန္တလေး၊ ဩဂုတ် ၃၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ နှင့် ကျောက်မြောင်းမြို့ကြားတွင် ဗန်းမော်မြို့သို့ ရိက္ခာပို့ပြီး ပြန်လာ သည့်အာဏာသိမ်းစစ်တပ်ရေယာဉ်အုပ်စုကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သပိတ်တိုက်ကျင်း တိုက်နယ်ပကဖဘက်က ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံရေယာဉ်အုပ်စုက ဗန်းမော်မြို့သို့ ရိက္ခာပို့ပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက ယမန့်နေ့တွင် လက်နက်ကြီး/ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါတိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်က ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မြစ်ကမ်း ဘေးဝဲယာရှိ ဘုရားစေတီများ၊ ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သပိတ်တိုက်ကျင်းတိုက်နယ်ပကဖဘက်က ပြောဆိုထားပါသည်။
အထက်ပါစစ်ဆင်ရေးကို သပိတ်ကျင်းတိုက်နယ် ပကဖ(ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။


