မကွေး၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ မြိုင်မြို့မရဲစခန်းမှ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဒုရဲအုပ်တစ်ဦးက စနိုက်ပါဖြင့် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း မြိုင်ပကဖတာဝန်ရှိသူတစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
မြိုင်ပကဖတာဝန်ရှိသူတစ်ဦးက ” ပြန်ပစ်တယ် လက်နက်ငယ်နဲ့။ စစ်ဆေးရေးဂိတ်မှာ ရဲ နှင့် ပျူတွေကို စကားပြောနေတုန်း စနိုက်ပါနဲ့ ပစ်လိုက်တာ” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ယနေ့ မနက်ခုနစ်နာရီခန့်တွင် မြိုင်မရဲစခန်းမှ ဒုရဲအုပ်နယ်ထိန်းခေါင်းဆောင်က မြိုင်မြို့အနောက်ဘက်ဂိတ်ရှိ စစ်ဆေးရေးဂိတ်၊ ဘန်ကာအတွင်းရှိ ရဲများ နှင့် ပျူစောထီးများကို စကားပြောနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်သည်။
အထက်ပါစစ်ဆင်ရေးကို မြိုင်ပကဖက ဆောင်ရွက်ခဲ့တာ ဖြစ်သည်။
