ဖရဲသီးသတင်းပေးပို့မှုကြောင့် ကင်းပုန်းဝပ်ရန်လာသည့်ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးအနက် တစ်ဦးသာ ဖမ်းဆီးရမိ
စစ်ကိုင်း၊ ဩဂုတ် ၂၅ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက် ခံပြည်သူ့ စစ်လေးဦးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် တစ်ဦးသာ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်မိကျောင်းပြည်သူ့ ကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ယမန့်နေ့က အာဏာသိမ်းစစ်တပ်ခံလက်အောက်ခံ မြင်းချင်းရွာမှ ပြည်သူ့စစ်လေးဦးက ရွာ၏တောင်ဘက်ဖတ်သမ်းကုန်းတွင် ကင်းပုန်းလာယူကြောင်း ဖရဲသီးသတင်းပေးမှု ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖမ်းဆီးရန် ကြိုးစားမှုတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသာ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်မိကျောင်းပြည်သူ့ ကာကွယ်ရေးတပ်က ပြောဆိုထားပါသည်။
ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ” ၄ ယောက်အနက် တစ်ယောက်ရှင်မိတယ် ကျန်ပျူများ ပစ်ခတ်မှုအပြီးတွင် တစ်ဦး သေဆုံးတယ်” လို့ ပြောဆိုခဲ့သည်။
အဆိုပါဖမ်းဆီးမှုတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံမြင်းချင်းရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်လေးဦး က ရိပ်စားမိတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံရသည့် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦးကို ပြန်လည်ကယ်တင်ရန် ကြိုးစားခဲ့သေးကြောင်း သိရသည်။
ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယင်းဖမ်းဆီးရမိသည့်အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးအား MOD လက်အောက်ခံ ရွှေဘိုခရိုင်၊ တပ်ရင်း (၄) နှင့်မြင်းချင်းကျေးရွာ ပကဖ တို့အား လွှဲပြောင်းပေးခဲ့ပါသည်။
အထက်ပါစစ်ဆင်ရေးကို ဗိုလ်မိကျောင်း ပြည်သူကာကွယ်ရေးဖွဲ့၊ ရွှေဘိုမြို့နယ် ပလဖ ၊ မဟူရာ ရွှေဘိုသား ၊ဒေါင်းမာန် ၊ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ရွှေဘိုအားမာန် ၊ဘိုမဟာ၊ Snake Eyes ၊ ရွှေဘို စွန်ရဲ ၊ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ကာကွယ်ရေး မဟာမိတ် ညီနောင်များ ပူးပေါင်းဖော်ဆောင်ခဲ့ပါသည်။



Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။