စစ်ကိုင်း၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ရေဦးမြို့နယ်မှ အာဏာသိမ်းစစ်အုပ်စုစစ်ကြောင်း၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ညနေ့ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။
ယနေ့တွင် ရေဦးမြို့ပေါ်ရှိ အာဏာသိမ်းစစ်ကြောင်းက ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းရှိ အမှတ် (၂) တိုက်နယ်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူပေါင်းတစ်သောင်းကျော်က မိုးရေထဲတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အပြင် အသက် ၅၇ နှစ်အရွယ် မရမ်းအင်းကျေးရွာဦးတင့်(Fake Name) က လက်နက်ကြီးသံများကြောင့် နှလုံးအမောဖောက်ကာ ကွယ်လွန်သွားခဲ့ရသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏စစ်ကြောင်းက အောင်သာကျေးရွာရှိ ဘုန်းကြီးကျောင်း နှင့် ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဘက်က ပြောဆိုထားပါသည်။
အာဏာသိမ်းစစ်တပ်ကြောင့် အောင်သာကျေးရွာ အပါအဝင် အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ဒါန်းကုန်း၊ မှန်တော၊ သိမ်တော်၊ ကျွန်းဆွယ်၊ ကျွန်းလယ်၊ ကြာပင်အိုင် စသည့်ကျေးရွာများမှ ဒေသခံ သောင်းနဲ့ချီ၍ ယနေ့ညပိုင်းအထိ နေရပ်မပြန်ကြရသေးသည့်အပြင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ/ကိုယ်ဝန်ဆောင်သွေးနုသားနု မိခင်များဟာ အခက်အခဲများဖြစ်နေကြောင်း သိရသည်။







Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။