စစ်ကိုင်း၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် တပ်စွဲထားပြီး သစ်များ ခိုးထုတ်နေသည့်အာဏာသိမ်းစစ်တပ်ကင်းပုန်းစစ်ကြောင်း နှင့် တိုက်ပွဲ ဖြစ်ပွားပြီး တပ်စိတ်မှူးတစ်ဦးကို စစ်သုံ့ပန်းဉပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း Union Liberation Front – ULF V 02 ဘက်က သတင်းထုတ်ပြန်ထားပါသည်။
Union Liberation Front – ULF V 02 ပြောခွင့်ရက ” ထိတွေ့တိုက်ပွဲဖြစ်ပြီး ဖမ်းမိပြီး တိုက်ပွဲအတွင်းဖမ်းမိသည့်အတွက် ဒဏ်ရာရ၊ သွေးထွက်လွန်နေလို့ ဆေးကုထားရတယ်။ဆေးကုပီးရင် သုံ့ပန်းဥပဒေအတိုင်းဆောင်ရွက်မည်” လို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့က နွားခြံကုန်းရွာတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်အုပ်စု၏ကင်း ထောက်စစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က နွားခြံကုန်းတောပြင်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြကာ စစ်သားတစ်ဦား သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်က အာဏာသိမ်းစစ်တပ်၏ တပ်စိတ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်သည်။
Union Liberation Front – ULF V 02 ပြောခွင့်ရက “အခု ယင်းမာပင်မြို့နယ်၊စည်သူသစ်ကွင်းမှာ ရှိတယ်ဗျ။ အခုလ ၆ ရက်နေ့က စရောက်တယ်ဗျ။ အခုထိတော့ ထုတ်နေတုန်းပဲ။ဘယ်လောက်ထုတ်လဲတော့ သိသိကျကျ မသိရဘူးဗျ” လို့ ပြောဆိုခဲ့သည်။
အလားတူ အာဏာသိမ်းစစ်တပ်က ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတာကြောင့် ဒေသခံပြည်သူများက ရက်ရှည်တိမ်းရှောင်နေရကြောင်း Union Liberation Front – ULF V 02 ပြောခွင့်ရက ” စစ်ကောင်စီပြည်သူပိုင်သစ်တွေ သယ်နေသောကြောင့် အနီးနားရှိပြည်သူများလည်း ထွက်ပြေးတိမ်းရှောက်နေရတာ ၂ပတ်ကျော်လည်းရှိပြီဗျ” အခုလို ထပ်မံပြောဆိုထားပါသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတာကြောင့် စုန်းချောင်း၊စည်သူ၊သံဘို၊အင်းပြား၊ကျောက်မှော်၊ပန်းတိမ်ပြင်၊ကျွန်းပေါ်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊နွားခြံကုန်း၊ အင်းပတ်
စသည့်ကျေးရွာများက ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။
Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။