စစ်ကိုင်း၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး ဝင်ရောက်ရှာဖွေခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ဒေသခံတစ်ဦးက ” မီးရှို့တာက စာသင်ကျောင်းထဲက ရင်း ၄ ရဲ့ ကား နဲ့ ဆိုင် ၄ စီး ရှို့ခံရတာ၊ ပြီးတော့ စာသင်ကျောင်းထဲက ကွန်ပျူတာတွေ ရိုက်ချိုးဖျက်စီးထားခဲ့တယ်၊ အိမ်တွေကို မီးမရှို့ဘူးတဲ့ ၀င်မွှေတာပဲရှိတယ်တဲ့” လို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်တွင် အာဏာသိမ်းစစ်တပ်က ဒေသခံတစ်ဦး နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးခဲ့ပြီး ချီပါရွာကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့ကာဒေသခံပကဖများကို ဖမ်းဆီးရန် ကြိုးစားခဲ့တာ ဖြစ်ကြောင်း သိရပါသည်။
ဒေသခံတစ်ဦးက ” မီးတောက်ခေါင်းရွာက တစ်ယောက်၊ ချီပါကတစ်ယောက် လက်ဘက်ရည်ဆိုင်ထိုင်ရင်း စစ်ကြောင်းမ၀င်ခင် ၂ ရက်အလိုက အဖမ်းခံရတာ ၊ ချီပါက ကောင်လေးက pdf အဖွဲ့ထဲကပဲ။ ကျန်တစ်ယောက်ကတော့ သေချာမသိဘူး။ ချီပါကို စစ်ကြောင်းထိုးရင်း သူတို့ နှစ်ယောက်ကိုပါ ခေါ်လာခဲ့ပြီး ပကဖအိမ်တွေ လိုက်ပြခိုင်းပြီး သတ်လိုက်တာတဲ့” လို့ ထပ်မံပြောဆိုခဲ့ပါသည်။
အဆိုပါ စစ်ကြောင်းထိုးလာသည့်အာဏာသိမ်းစစ်တပ်က ရွှေဘိုအောင်မြေစေတီ မှ ဆင်းလာပြီး ပန်းလှိုင်ရွာကို ထောက်ပို့လုပ်ဆောင်လာရင်း ချီပါကျေးရွာကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနှင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အာဏာသိမ်းစစ်တပ်က ဒေသခံများကို ဖမ်းဆီးပြီး တစ်ရက်ကြာ တပ်စွဲနေထိုင်ခဲ့ကာ ကျေးရွာကို မွှေနှောက်ဖျက်ဆီးခဲ့တာ ဖြစ်သည့်အပြင် ယမန့်နေ့က ပန်းလှိုင်ရွာ မှ ချီပါရွာကို ထွက်လာသည့်အာဏာသိမ်း စစ်ကောင်စီစစ်သား နှစ်ဆယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားခုနစ်ဦး သေဆုံးခဲ့သည်။
အလားတူ ချီပါကျေးရွာတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားသည့်ဓားစာခံ များထဲမှ လမ်းပြ လူငယ်နှစ်ဦးကို သတ်ဖြတ်ပစ်ခဲ့ပြီး ရွှေဘိုမြို့ကို ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို MDF- Shwebo ( ရွှေဘိုခရိုင်တပ်ရင်း ၂၆ ) နှင့် ငါးမည်ရပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ဗိုလ်ကျားရိုင်း (LPDF)၊ ရန်ကြီးအောင်၊ သိင်္ဃအောင်၊ အောင်ဇေယျ၊ Shwebo Danger Army (S.B.D.A) နှင့် တိုက်နယ်(၅)ပကဖ မဟာမိတ်ညီနောင်များမှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။






Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။