မကွေး၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ မြိုင် နှင့် ကျောက်ထုတို့တွင် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖဘက်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့က ရွှေလင်းဆွဲ ကျေးရွာ နှင့် လက်ထုပ်တောကျေးရွာကြားရှိ အာဏာသိမ်းစစ်အုပ်စုကို ဗုံးသီးငါးလုံး နှင့် ရော့ကတ် ၁၉ လုံးတို့ဖြင် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လက်ထုပ်တောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဒါအပြင် ယမန်နေ့က အာဏာသိမ်းစစ်တပ်က ကျောက်ထုမှ ထွက်လာပြီး ပေါက် နှင့် ကမ္မကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲာတာ ဖြစ်ပြီး နေ့လယ် ၃ နာရီခန့်တွင် ကန်နီရွာ နှင့် မြိုင်မြို့အကြားရှိ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဩဂုတ် ၂၀ ရက်နေ့ ညနေ့ သုံးနာရီ မှ ည ၁၁ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကန်နီရွာရှိ အာဏာသိမ်းစစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးသီး အလုံးရှစ်ဆယ် နှင့် ရော့ကတ် ၂၂လုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးများကို မ္မကာကွယ်ရေးအဖွဲ (KMDF) ၊ မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ (၁) ၊တပ်ခွဲ(၂-ဂဠုန်)၊ People’s Defence Force-Kamma၊ နဂါးနီပြည်သူ့ကာကွယ်ရေးအဖွဲ ၊ နယ်စည်းမခြားကာကွယ်ရေးအဖွဲများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *