စစ်ကိုင်း၊ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အာဏာသိမ်းစစ်တပ် နှင့် KNLA ပူးပေါင်း PDF တပ်ဖွဲ့တို့က ဩဂုတ်လတစ်လအတွင်း တိုက်ပွဲလေးရက် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်က ၂၂ ဦးထိ သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိခဲ့ကြောင်း Albino Tiger Column ဘက်က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၉ ရက် နှင့် ၁၆ ရက်တို့တွင် ကော့ကရိတ်မြို့နယ်ရှိ ရွာသစ်ကုန်းရွာမှ ကျောက်စက်တွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်ကောင်စီစစ်သားများကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၃ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။
အလားတူ ဩဂုတ် ၁၈ ရက် နှင့် ၁၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်း ရဲစခန်း၊ တောနော်ရေတံခွန်အနီး နှင့် တောင်ကြာအင်းစာသင်ကျောင်းတို့တွင် တပ်စွဲထား သည့်အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် သုံးပွင့်အရာရှိအပါအဝင် အခြားအဆင့် လေးဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
အထက်ပါစစ်ဆင်ရေးကို ကျားဖြူစစ်ကြောင်းလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF)ကျားဖြူတပ်ခွဲ (၃)၊ ကျားဖြူတပ်ခွဲ-၄၊ကျားဖြူတပ်ခွဲ -၅ (Justice Soldier-PDF) Drone တပ်ဖွဲ၊ နဂါးဖြူစစ်ကြောင်း၊ KNLA တပ်ရင်း ၂၇၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ-၄၊ ပျံလွှားတပ်ဖွဲ၊ ဂဠုန်စစ်ကြောင်း Drone တပ်ဖွဲစသည့် တပ်ပေါင်းစုများက ဆောင်ရွက် ခဲ့တာ ဖြစ်သည်။
