မြိုင်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှုတွင် ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့
မကွေး၊ ဩဂုတ် ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရကြောင်း Eagle Brigade တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ယမန့်နေ့ သုံးနာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးရဲဘော်များက မြိုင်မြို့နယ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်တာ ဖြစ်ပြီး ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Eagle Brigade တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ” Drone တစီးတော့ ဆုံးရှုံးသွားတယ်။ နေ့လည် ၁ ချက် ခွဲလောက်မှာ Fixed wing နှစ်စီးနဲ့ အရင်ဆော်တယ်။ ပြီးတော့ ခု ပျက်ကျသွားတဲ့ Multi rotor ကို 2Kg တလုံး 1Kg နှစ်လုံးနဲ့ လွှတ်တယ်၊ အဲ့လို လွှတ်တော့ တကယ်တမ်း ချတာ ရဲစခန်းကို။ ကြားမှာ ကိုးဆောင် ဂိတ် ဆိုတဲ့ စစ်ကောင်စီစစ်စခန်း ကို ဖြတ်ကျော် ပျံသန်းရတယ်။ အသီး 3 လုံး ချ လိုက်ခဲ့ နိုင်ပြီး အပြန်မှာ အနိမ့် 540m နှိမ့်ပျံလိုက်မိတဲ့အတွက် ပစ်ချ ခံလိုက်ရတယ်၊ ဒါပေမယ့် စိတ်ဓာတ်မကျပဲ fixed wing 3 စီး တဲ့ ကိုးဆောင်ဂိတ် ကို ဆက်တီးနေလိုက်တယ်။ စစ်သားတွေဘက်က မိုးပေါ်ကို ချိန်ပြီး သေနတ်တွေနဲ့ ပစ်နေတာ တွေ့ရတယ် Record တော့ ကောင်းကောင်းမရလိုက်ဘူး ခွေးတွေ အော်ဆဲ နေသံလဲ ကြားရတယ်5 ခေါက် 5 လုံး စက်သေနတ် နဲ့ ပစ်ချခံလိုက်ရတာ ကျွန်တော်တို ဟာပါရင် 8 လုံးပေါ့။ သူတိုဘက်က အထိအခိုက် သတင်းထက် ဒီလို ဒရုန်းကို ပစ်ချ လိုက်နိုင်လို အကြီးအကျယ် အောင်ပွဲခံနေကြတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါသည်။
အထက်ပါစစ်ဆင်ရေးကို Eagle Brigade(Anyar Eagles)၊ ရေစကြို Phoenix ပျောက်ကြားတပ်ဖွဲ၊ N.YSO၊ MSDF(Myaung Special Drone Force)၊ MFDF(Myaing Fighter Defence Force ) နှင့် မိုက်ခဲ Defence Force (မြိုင်)တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။







