စစ်ကိုင်း၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသည့်အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို ယမန့်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Golden Eagle Force-Monywa တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

Golden Eagle Force-Monywa ပြောခွင့်ရက ” တစ်ဦးက မသေတော့ အဲ့တစ်ယောက်က နေရာယူပြီး ပြန်ပစ်တော့ ဂမ်းက တစ်လက်ဘဲ ကောက်နိုင်ခဲ့တာ၊ စစ်သားက လမ်းပေါ်မှာ ငါးဦး ရှိတာ။ စစ်သားလေးဦး သေပြီး သေနတ်တစ်လက်ရခဲ့တယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ယမန့်နေ့မနက် ခုနစ်နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသွားပြည်သူထံမှ ဆက်ကြေးကောက်နေသည့်အာဏာသိမ်းစစ်အုပ်စုကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သားလေးဦး သေဆုံးကာ သေနတ်တစ်လက် ရရှိခဲ့သည့်အပြင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတိုးချဲ့ထားပြီး လက်နက်ကြီးများ ထပ်မံတပ်ဆင်ထားကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို Golden Eagle Force-Monywa အဖွဲ့မှဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(24)(Monywa ranger group truth army)၊ ကြယ်နီတပ်ဦး (pla)၊ brother revolution force-monywa နှင့် Ka Naung Min Thar Gyi-Monywaတို့ ပူးပေါင်းဆောင်ရွက်ခဲသည်။

Leave a Reply

Your email address will not be published. Required fields are marked *