စစ်ကိုင်း၊ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး နှင့် နေပြည်တော်တိုင်းဒေသကြီီးအစပ်တွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် အာဏာသိမ်းစစ်အုပ်စုတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားလေးဦး သေဆုံးခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုဘက်က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ယနေ့ နေ့လယ် တစ်နာရီခန့်က တပ်ကုန်းမြို့နယ်ရှိ ရွှေမကျီးကျေးရွာ နှင့် မကွေးတိုင်းဒေသ၊ မြို့သစ်မြို့နယ်ရှိ ရိုးကူးကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် အာဏာသိမ်းစစ်အုပ်စုတို့ နာရီဝတ်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားလေးဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ဒါအပြင် အာဏာသိမ်းစစ်အုပ်စုထံမှ ဆိုင်ကယ် ၃ စီး၊ ၅.၅၆ ကျည်ဆံ (၂၅) တောင့်၊ ၅.၅၆ ကျည်ဆံသုံး ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့ပါသည်။

အထက်ပါစစ်ဆင်ရေးကို OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုတို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *