ကျောက်မြောင်း မှ ဟန်လင်းမြို့ဟောင်းတွင် တပ်ချိန်းနေသည့် အာဏာသိမ်းစစ်အုပ်စု နှစ်ကြိမ်တိုက်ခိုက်ခံရပြီး သုံးဦး သေ ခြောက်ဦးပြင်းထန်ဒဏ်ရာ ရရှိ
စစ်ကိုင်း၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း မှ ဟန်လင်းပျူမြို့ဟောင်းကို တပ်အချိန်းအပြောင်းအလဲ လုပ်နေသည့်အာဏာသိမ်းစစ်အုပ်စုအင်အားရှစ်ဆယ်ပါစစ်ကြောင်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း Black Wolf Army က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့က အာဏာသိမ်းစစ်အုပ်စုက ကျောက်မြောင်း မှ ဟန်လင်းပျူမြို့ဟောင်းကို တပ်အချိန်းအပြောင်းလဲ ပြုလုပ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကျောက်မြောင်း မှ ဟန်လင်းပျူမြို့ဟောင်းကို လက်နက်ခဲယမ်း၊ ရိက္ခာ နှင့် လူများ ချိန်းရန် လာရောက်သည့်အာဏာသိမ်းစစ်အုပ်စုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သားတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ဟန်လင်းပျူမြို့ဟောင်း မှ ကျောက်မြောင်းသို့ လူချိန်းပြီး ပြန်ထွက်လာသည့်အာဏာသိမ်း စစ်အုပ်စုကို ကျောက်မြောင်းမြို့အထွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ် နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်သားနှစ်ဦး သေဆုံးကာ ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
အထက်ပါစစ်ဆင်ရေးကို BLACK WOLF – ARMY ၊ Who am i – army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊တိုက်နယ်(၄)ပကဖတို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။
