တောကျောင်းဝိုင်းဝန်းထဲတွင် တပ်စွဲထားသည့်ပျူစောထီးများ တိုက်ခိုက်ခံရတာကြောင့် ထွက်ပြေး
မကွေး၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တောကျောင်းဝိုင်းဝန်းထဲတွင် တပ်စွဲနေထိုင်နေသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ပျူစောထီးများကို လက်လုပ် ၆၀ မမများဖြင့် ယနေ့မနက်ပိုင်းငါးနာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
ယနေ့မနက် ငါးနာရီခန့်က အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ သီးလုံးရွာ၊ မြင်းချင်းရွာ နှင့် ပန်းရံရွာရှိ ပျူစောထီးများက ပြည်သူ့ပိုင်ပစ္စည်းများကို ခိုးယူပြီး တောကျောင်းဝိုင်းဝန်းထဲတွင် တပ်စွဲထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များ နှင့် လက်လုပ် ၆၀ မမများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံပျူစောထီးများက သီးလုံးတောင်ရွာရှိ စာသင်ကျောင်းကို ထွက်ပြေးသွားပြီး အာဏာသိမ်းစစ်အုပ်စုဘက်က ဒေသခံပြည်သူများကို နေ့စဉ်အလှည့်ကျ ကင်းကူစောင့်ခိုင်းပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုထားပါသည်။
အထက်ပါစစ်ဆင်ရေးကို ဗိုလ်မိကျောင်း ၊ဒေါင်းမာန်၊ဒေါင်းစစ်သည်၊မဟူရာ ရွှေဘိုသား၊ဇေယျာသွေး၊ရွှေဘိုအားမာန် ၊ Shwebo Federal Army ၊ PREY KITE Shwebo ၊Eye For Eye ၊ Flying Dragon Force နှင့် HG Fighters SBO ပြည်သူ့ကာကွယ်ရေး အဖွဲ့များ လက်တွဲညီညီ ဖော်ဆောင်ခဲ့ပါသည်။




Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။