ကွမ်းတောရွာရှိ အာဏာသိမ်းစစ်အုပ်စုက ဆန်အိတ် နှင့် ရိက္ခာများ ခိုးယူနေတာကြောင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
မကွေး၊ ဩဂုတ် ၁၉ မကွေးတိုင်း၊
မြိုင်မြို့နယ်၊ ကွမ်းတောရွာတွင် တပ်စွဲပြီး ဆန်နှင့် ရိက္ခာများ ခိုးယူနေသည့် အာဏာသိမ်း စစ်အုပ်စုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Force(MRTF)Drone အဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ က ဆန် နှင့် ရိက္ခာများ ခိုးယူနေသည့် ကွမ်းတောရွာရှိ အာဏာသိမ်းစစ်အုပ်စုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ MRTF ဘက်က စုံစမ်းလျက်ရှိကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို Middle Revolution Task Force (MRTF) Drone တပ်ဖွဲ့နှင့် Thu Rain > TR.Drone တပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။