ရွှေဘိုမုခ်ဦးတောင်ဘက်ရှိ အာဏာသိမ်းစစ်အုပ်စုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို – မန္တလေးလမ်းထွက် ရွှေဘိုတောင်ဘက်မုဒ်ရှိ အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့က ရွှေဘိုတောင်ဘက်မုဒ်ပေါက်တွင် တပစ်ွဲထားပြီး ပြည်သူများထံမှ ဆက်ကြေးကောက်နေသည့်အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး လေးလုံး နှင့် PD ဗုံးသီး သုံးလုံးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF တပ်ဖွဲ့က ပြောဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်အုပ်စုဘက်က စစ်သားနှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက်ဆည် နဂါးနီ တပ်ရင်း (၁) ၊ ရွှေဘိုခရိုင်း တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင် တပ်ရင်း (၄) ခွဲ (၂)၊မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်း အဖွဲ့၊Flying Dragon Force F.D.F SHWEBO အဖွဲ့၊ မိုးမခရဲခေါင် ဒီပဲယင်းအဖွဲ့၊ ရဲဘော်သုံးကြိတ် ဒီပဲယင်း အဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Bo Ba Taw – SHWEBO LPDF ၊ War Loard Defense Force – SHWEBO ၊ SHWEBO FEDERAL ARMY SBDF ၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊နဂါးနီ – အာဠာဝက – Local – PDF၊ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊အဖွဲ့ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *