မန္တလေး၊ ဩဂုတ် ၁၈
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာ မှ ရွှေပြည်ရွာကို ထွက်လာသည့်အာဏာသိမ်းစစ်သားဆယ်ဦးပါသည့်အိမ်စီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဉဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ယနေ့နေ့လယ် ၁၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ပံလှရွာ မှ ရွှေပြည်ရွာဘက်ကို လာသည့်အာဏာသိမ်းစစ်သားဆယ်ဦးပါကားတစ်စီးကို ပဒေဿမိုင်းဆယ်လုံးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကားက ထိုးရပ်သွားခဲ့ကြောင်း သိရသည်။
ဥဒေါင်းမင်း THE KING PEACOCK (စဥ့်ကူးမြိုနယ်ပကဖ)ပြောခွင့်ရက ” ကားကခရီးဆက်မရတော့ဘူး၊ အခုနောက်ထပ်တပ်ကူးလာတဲ့ကားပါ ထပ်ဆွဲ၊ စစ်ကားနောက်က လိုက်ပြီး ပစ်ရတာမို့” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
ဒါအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကူလာသည့် စစ်ကားတစ်စီးကိုပါ ဥဒေါင်းမင်း THE KING PEACOCK (စဥ့်ကူးမြိုနယ်ပကဖ) ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို ဥဒေါင်းမင်း THE KING PEACOCK (စဥ့်ကူးမြိုနယ်ပကဖ)နဲ့ တော်လှန်ရေးအင်းအားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်သည်။
