မုံရွာမြို့တွင် သာစည်ရဲစခန်း၊ စစ်ဆေးရေးဂိတ်၊ အမှတ် (၂) ရဲစခန်း နှင့် စီးပွားရေးတက္ကသိုလ်တို့ကို တပ်စွဲထားသည့်အာဏာသိမ်းစစ်အုပ်စုများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သာစည်ရဲစခန်း၊ စစ်ဆေးရေးဂိတ်၊ အမှတ် (၂) ရဲစခန်း နှင့် စီးပွားရေးတက္ကသိုလ်တို့မှာ တပ်စွဲထားသည့်အာဏာသိမ်းစစ်အုပ်စုများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF တပ်ဖွဲ့က ပြီးခဲ့သည့်ဩဂုတ် ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့ နေ့လယ် နှစ်နာရီ နှင့် ညနေ့ခြောက်နာရီခန့်တွင် မုံရွာမြို့အနီးရှိ သာစည်ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ရှိ အာဏာသိမ်းစစ်ကောင်စီစစ်သားများ၊ အမှတ် (၂) ရဲစခန်းရှိ အာဏာသိမ်းစစ်ကောင်စီစစ်သားများကို ဒရုန်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
အလားတူ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဩဂုတ် ၁၅ ရက်နေ့တွင် မုံရွာမြို့ရှိ စီးပွားရေးတက္ကသိုလ်ဝန်းမှာ တပ်စွဲထားသည့်အာဏာသိမ်းစစ်ကောင်စီစစ်သားများကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံး ကြဲချခဲ့ပြီး ၎င်းတို့က ပြန်လည်ပစ်ခတ်ခဲ့ကြပြီး မနက်ကိုးနာရီတွင် ကျားတက်ရဲစခန်းရှိ အာဏာသိမ်းစစ်ကောင်စီစစ်သားများက ခရီးသွားပြည်သူများကို နှောင့်ယှက်နေတာကြောင့် ကျားတက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးငါးလုံး ကြဲချခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)PDAF ၊ Monywa Ranger၊မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)(၄)၊ မုံရွာပကဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
