စစ်ကိုင်းတိုင်း၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချင်းဆိုင်ရွာကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဝင်ရောက်နေတာ ကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း Mobile Medical Team MMT West Division အဖွဲ့မှ ဆရာမက ပြောဆိုခဲ့ပါသည်။
Mobile Medical Team MMT West Division အဖွဲ့မှ ဆရာမ Radi Ohmက ” မနေ့ညလောက် ကတည်းက အင်အား ခန့်မှန်း 200 နီးပါး ပျူစောထီးတွေရောအပါနော်။ ထုနေတယ် ဆက်တိုက်။ အာဏာသိမ်းစစ်သားတွေက ချင်းဆိုင်ရွာထဲ ရောက်ပြီ” လို့ ပြောဆိုခဲ့ပါသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခလရ ၂၂၈၊ အဖွဲ့စက် နှင့် မြို့သာရှိ ပျူစော ထီးခေါင်းဆောင်ခင်မောင်မြင့်နေအိမ်တွင် လက်နက်ကြီးများ တပ်ဆင်ပြီး အနီးအနားရှိ ကျေးရွာများကို မကြာခဏဆိုသလို ပစ်ခတ်လျက်ရှိပြီး အခုချိန်အထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် နေသည့်အပြင် JCB ကားနှစ်စီးအပါအဝင် စစ်ကားသုံးစီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အတားအဆီးများကို ဖယ်ထုတ်ဖို့ ကြိုးစားနေကြောင်း သိရသည်။
Mobile Medical Team MMT West Division အဖွဲ့မှ ဆရာမ Radi Ohmက ” 228 တပ်ကနေ ထုနေတာ။ အဖွဲ့စက် ကရောမြို့သာက ခင်မောင်မြင့် ပျူစောထီးအိမ်မှာလဲ လနကြီး ဆင်ထားတယ်။ အဲ့ထဲက တခုခုကနေ ထုနေတာ။ JCB နှစ်စီး အပါဝင် စစ်ကား သုံးစီးတက်လာတယ်။ လမ်းပေါ် ချထားတဲ့ ကျမတို့ရဲ့ အတားဆီးတွေ ထိုးကော်ဖို့ နေမယ်” လို့ ထပ်မံပြောဆိုခဲ့သည်။
အဆိုပါအာဏာသိမ်းစစ်တပ်က ချင်းဆိုင်ရွာကို ဝင်ရောက်နေတာကြောင့် ဇင်းကလင်း၊ ချင်းဆိုင် နှင့် သာစည်ရွာရှိ ဒေသခံများက နေရပ်ကို စွန့်ခွာတိမ်းရှောင်နေရကြောင်း သိရသည်။
