စစ်ကိုင်း၊ ဩဂုတ် ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊ ကျောက်မဲတောင်ကျေးရွာရဲစခန်း မှ ပကာရီရဲစခန်းကို ဆင်းလာသည့် အာဏာသိမ်းစစ်အုပ်စုနှင့် ယမန့်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါသည်။

ယမန့်နေ့ နေ့လယ်တစ်နာရီခွဲခန့်က အာဏာသိမ်းစစ်အုပ်စုက ကျောက်မဲတောင်ကျေးရွာရဲစခန်း မှ ပကာရီရဲစခန်းကို ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သင်္ကန်းတုံးကျေးရွာလမ်းပိုင်းတွင် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ စစ်သားသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို ထားဝယ်စုပေါင်းစစ်ကြောင်းက ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *