စစ်ကိုင်း၊ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ
ကြေးနီသယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF က သတင်းထုတ်ပြန်ထားပါသည်။
ယနေ့မနက်တစ်နာရီခန့်က အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကြေးနီသယ်ယာဉ်ခုနစ်စီးပါ ယာဉ်တန်းကို မုံရွာ – ချောင်ဦးလမ်းပိုင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် ကြေးနီပြားများသယ်ဆောင်လာသော တွဲကားမှာ ခေါင်းပိုင်းထိသွားပြီး ဂျန့်ဘာကားပေါ်ရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ကင်းပုန်းဝပ်အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြသည်။
ယင်းစစ်ဆင်ရေးကြိ Area71အဖွဲ့ နှင့် မုံရွာမြို့နယ်( ပလဖ )တို့နှင့်အတူ ပူပေါင်းကာ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။
