စစ်ကိုင်းတိုင်း၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပေကုန်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ပစ်ခတ်မှုကြောင့် အသက်ဆယ်နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး ယနေ့တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသခံတစ်ဦးက ” ကိုးနှစ်သာလေး၊ နာမည်က မောင်ကျော်သီဟတဲ့၊ ဦးခေါင်းထိမှန်ပြီး ဆုံးသွားတာ”လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ယနေ့ ညနေ့နှစ်နာရီတွင် ဒုန်းတောကျေးရွာတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်က ပေကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက်ကိုးနှစ်အရွယ် မောင်ကျော်သီဟက ဦးခေါင်းထိမှန် ကျဆုံးခဲ့တာ ဖြစ်သည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးစာကျ၊ဘိန်းနွယ်ချောင်၊ပေကုန်း၊ရွာသာ၊ဂုဏ်တော၊ဒုန်းတော၊ကံကုန်းစသည့်ကျေးရွာများမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *