မကွေး၊ ဩဂုတ် ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြိုင်မြို့နယ်ပကဖလက်အောက်ခံ တပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင် တက်တူး ခ ထက်ဝေယံက M16 တစ်လက်ယူဆောင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ သွားရောက်ပူးပေါင်းခဲ့ကြောင်း မြိုင်ပကဖက အရေးပေါ် သတင်းထုတ်ပြန်ထားပါသည်။
မြိုင်ပကဖခေါင်းဆောင် ဗိုလ်လင်္ကျာက ” ထိတာပေါ့၊ လုံခြုံရေးတွေ ထိတာပေါ့၊ စခန်းတွေ အကုန်ပြောင်းရွှေ့နေရတယ်။ အဲကောင်က တပ်ရင်းမှူးရဲ့ပီအေလို လုပ်နေတာ၊ ခွေးတွေနဲ့ အဆက်အသွယ်မရှိဘူး၊ အရင်က ခွေးတွေနဲ့ပေါင်းသွားတဲ့ ကောင်တွေနဲ့ အဆက်အသွယ်ရှိတော့ သူ့ဆရာရင်းမှူးက အစည်းအဝေး လုပ်နေတုန်း ထမင်းသွားစားမလိုလိုနဲ့ သူဆရာရဲ့ 16 တစ်လက်ကို ယူပြီး ညနေ့ သုံးနာရီဆယ့်ငါးလောက်မှ ပေါင်းသွားတာ။” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
၎င်းတက်တူး ခ ထက်ဝေယံ ခ တက်တူးသည် မြိုင်မြို့နယ်ပကဖ တပ်ရင်း (၂)၏တပ်ဖွဲ့ဝင် ဖြစ်ပြီး ပခုက္ကူမြို့နယ်ရှိအာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်သားများထံကို ယနေ့ ညနေ့ သုံးနာရီခန့်တွင် သွားရောက်ပူးပေါင်းခဲ့တာ ဖြစ်သည်။
အဆိုပါရဲဘော်သည် ပခုက္ကူမြိုနယ်အခြေစိုက် တော်လှန်ရေးစခန်းများ နှင့် မြိုင်မြိုနယ်အခြေစိုက် တော်လှန်ရေးစခန်းများ ပ.အ.ဖ / ပ.က.ဖ / ပ.လ.ဖ ကျန်းမာရေးတာဝန်ခံ နေထိုင်သည့်နေရာအသီးသီးထံသို အကြိမ်ကြိမ်ရောက်ရှိခြင်း၊ စခန်းနေရာများကို ကောင်းစွာသိရှိခြင်းတို့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ် မဖြစ်စေရန်အတွက် စခန်းများ ပြောင်းရွှေ့ထားကြဖို့ကို မြိုင်ပကဖက ပြောဆိုထားသည်။












Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။