စစ်ကိုင်း၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မှ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့်အာဏာသိမ်းစစ်တပ်စစ်ကြောင်း နှင့် အင်းကြင်းတောင်အနီးကို စစ်ကြောင်းထိုးလာသည့်အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း Alpha Column စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့က ပုလဲမြို့နယ် မှ ယင်းမာပင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့်အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ခြောက်ဦး သေဆုံးခဲ့သည်။
အလားတူ ယင်းမာပင်မြို့နယ်မှ ယန်စီကုမ္မဏီကို လာသည့်အာဏာသိမ်းစစ်တပ်က အင်ကြင်းတောင်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံးစစ်သားများကို ယန်စီကုမ္မဏီထဲတွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။
အထက်ပါစစ်ဆင်ရေးကို Alpha တပ်ခွဲ ( ၁ )၊ Triple Tow တပ်ခွဲ (၂ )၊ Chindwin Galone Yarzar တပ်ခွဲ( ၃ )၊ Monywa Truth Of တပ်ခွဲ( ၄ ) နှင့် Yinmarbin Local PDF တပ်ခွဲ ( ၅ )တို့က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။




Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။