ဝက်လက်၊ ဩဂုတ် ၁၃
မန္တလေးတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကံရွာမကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု – ရွှေဘိုခရိုင်တပ်ရင်း (၁၈)ဗိုလ် စွန် ရဲက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါသည်။
ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု – ရွှေဘိုခရိုင်တပ်ရင်း (၁၈) ဗိုလ် စွန် ရဲ က “ပေါက်ကံရွာမ ကျေးရွာကို ညနေ ၄ နာရီခန့်အချိန်က ဖိုက်တာ နဲ့ ၄ ပတ် ပစ်သွားပါတယ်၊ အခုလက်ရှိ ရွာနဲ့မနီးမဝေးတွေမှာတိမ်းရှောင်နေရပါတယ်။ အမျိုးသား နှစ်ဦး နဲ့ အမျိုး သမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါသည်။
ယနေ့ ညနေ့ လေးနာရီခန့်တွင် အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ ပေါက်ကံရွာမကျေးရွာကို လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဦးမောင်စိုး (အသက် ၅၅နှစ်)၊ ကိုစိုင်းမွန် (အသက် ၄၂နှစ်) နှင့် ဒေါ်ရီ အသက်(၅၀နှစ်)တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရသည်။





Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။