ကရင်နီ၊ ဩဂုတ် ၁၃

ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ 4K ကရင်နီအဖွဲ့ဆီကို နိုင်ငံ တကာရောက် မြန်မာမိသားစုများက ဘတ်ရှစ်သိန်းကျော် ထောက်ပို့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

အဆိုပါလှူဒါန်းမှုများတွင် ငါးခြောက်အချိန် တစ်ထောင်ကျော်၊ မီးစက်၊ မြေပြင်ရဲဘော်များ အသုံးပြုနိုင်ရန် စက်ပစ္စည်းများ၊ အဝတ်အထည်များ နှင့် အိပ်ယာခင်းများကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါသည်။

ယင်းထောက်ပံ့လှူဒါန်းမှုကို Tokai Supporting Group Japan Nagoya ၊ ဆာတိုးရီ နွေဦးမေတ္တာအဖွဲ့ ဂျပန်၊ ဒါရိုက်တာသည်ခေတ်နေနှင့် မြို့ပြပြောက်ကျား ရုပ်ရှင်အဖွဲ့၊ ရွှေဝါရောင် အရှင်ထာဝရ ဖောင်ဒေးရှင်းနှင့် မလေးရောက် မြန်မာမိသားစုများ၊ နွေဦးအကျိုးဆောင်လူငယ်များအဖွဲ့ – ရနောင်၊ အနာဂတ်အလင်းတန်း လူမှုကူညီရေးအသင်း THAILAND ၊ PTN – မိသားစု ပရဟိတအသင်း SAMUTSAKHON THAILAND၊ AAC မဟာမိတ်အဖွဲ့ (ထိုင်းနိုင်ငံ) နှင့် ရွှေဝါရောင် အရှင်ထာဝရ တရားပွဲများက ဓမ္မပူဇာ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *