ဇီးဖြူကုန်းရွာရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များ နှင့် မင်းဘေးရွာထိပ် ချောင်းတံတားကို ဖြတ်သန်းနေသည့်အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး
စစ်ကိုင်း၊ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာမှ အာဏာသိမ်းစစ်အုပ်စုက မင်းဘေးရွာချောင်း တံတားကို ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့ပြီး ဇီးဖြူကုန်းရွာကို လာသည့်အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF တာဝန်ရှိသူ တစ်ဦးထံမှ Red Peacock သတင်းမီဒီယာက သိရှိရပါသည်။
ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ပြောခွင့်ရက ” အာဏာသိမ်း စစ်သားတွေဘက်က Counterပြန်တာမျိုး မရှိဘူးဗျ။ ဇီးဖြူကုန်းရွာက စစ်သားတွေကတော့ ထူးခြားမှု မတွေ့သေးဘူး” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါသည်။
ယမန့်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်က တည်သီးတော နှင့် မင်းဘေးကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး ကူတိုးဆိပ်ကျေးရွာမှ ဒဏ်ရာရ အာဏာသိမ်းစစ်သားများကို ပို့ဖို့အတွက် မင်းဘေးရွာထိပ်ချောင်းတံတားကို ကြိုးများဖြင့် သွယ်တန်းဖြတ်သန်းနေစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးနှစ်လုံး ကြဲချခဲ့တာကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။
ဒါအပြင် ဇီးဖြူကုန်းကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံစစ်သားများထံ ထောက်ပို့ပစ္စည်းများ လာချသည့်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၆၀ မမ ဗုံးသီးနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) Drone တပ်ဖွဲ့၊ရဲဘော်သုံးကြိတ် ဒီပဲယင်း အဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force ဒီပဲယင်း အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့-LDF၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။