ရန်ကုန်၊ ဩဂုတ် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် လုံခြုံရေးများအထပ်ထပ် တင်းကြပ်ထားသည့်ကြားမှ Kachin State Civilian Movement (KSCM) မှ လူငယ်များ၊ မြစ်ကြီးနားအခြေစိုက် ကျောင်းသားမဂ္ဂအဖွဲ့ဝင်များ၊ ကချင်တက်ကြွလှုပ်ရှားသူလူငယ်များက ယနေ့ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဘန်နာကို ချိတ်ဆွဲခဲ့ကြပါတယ်။

