စစ်ကိုင်းတိုင်း၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးများဖြင့် ဒေသခံမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa တာဝန်ရှိသူတစ်ဦးက Red Peacock သတင်းမီဒီယာကို ယနေ့ညနေ့ပိုင်းတွင် ပြောဆိုထားပါတယ်။

Golden Eagle Force – Monywa တာဝန်ရှိသူတစ်ဦးက ” စစ်သားတွေ ထိတယ်ထင်တယ် စက်ကလေးနဲ့ ပြန်ပစ်ခံရတယ်။ မနေ့က ၈နာရီခွဲလောက်က ပစ်ခတ်ခဲ့တာ။ မထင်ရင် မထင်သလို လမ်းပေါ်တက် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ပါတယ်၊ အနီးဝန်းကျင်စစ်ကြောင်းထိုးရင်လဲ အဲ့ကနေဘဲ ထွက်ပြီး စစ်ကြောင်းထိုးတာတွေရှိပါတယ်” လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။

အထက်ပါစစ်ဆင်ရေးကို Golden Eagle Force – Monywa နှင့်အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ ကြယ်နီတပ်ဦး-(PLA)၊ Brother Revolution Force-Monywa၊ နေမင်းတမန်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Facebook က လူမှုကွန်ရက်စံနှုန်းများ ချိုးဖောက်ကြောင်း ယူဆသည့်အတွက် Golden Eagle Force – Monywa စာမျက်နှာကို ဖြုတ်ချသွားခဲ့တာကြောင့် ပေ့ချ်အသစ် Follow လုပ်ထားကြဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *