စစ်ကိုင်း၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ပြည်သူသုံးထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ယနေ့မနက် ခြောက်နာရီတွင် ဇီးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီစစ်သားများက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကျေးနင်းရွာ နှင့် ကြောင်သန်းရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရက” နေ့လယ် ၁၁နာရီ ၁၅ မိနစ်မှာ သူတို့ပိတ်ဆို့ပစ်ခံလိုက်ရလို့ တံတားဦးလေဆိပ်က ဂျက်ဖိုက်တာတစ်စီး ဗုံးကြဲတယ်၊ စက်သေနတ်နဲ့ အမြောက်အများ ပစ်ခတ်သွားတယ်ဗျ။ လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲတဲ့အတွက် ကာကွယ်ရေးရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူး။ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာ မရှိဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်တပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခြင်း နှင့် စက်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီစစ်တပ်က အရပ်ဝတ်များဖြင့် ကျေးနင်းကျေးရွာကို ဝင်ရောက်သွားခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း၊ သေတ္တရာကျေးရွာများရှိ ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ပကဖများ၊အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ပြည်သူများနှင့်အတူ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း အစားအသောက်များ ကျွေးမွေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရက ” နေ့လယ် ၁၂နာရီခွဲချိန်လောက် အရပ်ဝတ်တွေနဲ့စစ်ကောင်စီစစ်သားတွေ ဝင်ရောက်သွားတယ်၊ အခုချိန်ထိ မထွက်သေးပါဘူး စစ်ကြောင်း ထွက်လာတဲ့တစ်လျှောက်မှာ ငှက်ပျောတော၊ ကျေးနင်း၊ကြောင်သန်း၊ သေတ္တရာကျေးရွာက ပြည်သူတွေကတော့ အိုးအိမ်စွန့်ခွာပြီးတော့ ပြည်သူသုံးထောင်လောက် ရှောင်နေရတယ်ဗျ “ လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်း ရှိနေသေးသည့်အတွက်ကြောင့် အသွား၊အလာ၊အနေ၊အထိုင် အထူးသတိထား ဆောင်ရွက်သွား ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။



Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။