ရန်ကုန်၊ ဇူလိုင်လ ၃၁
ရန်ကုန်မြို့တွင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲကြီး ၅၂ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် “ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက်” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။

