မလေးရှား၊ ဇူလိုင်လ ၁၅
မလေးရှားနိုင်ငံ၊ အီပိုးမြို့နယ်၊ ပကန်းပန်ကျော့ရှိ အသည်းရောင်အသားဝါကူးစက်ခံရသည့်ကလေးငယ်အတွက် ဆေးရုံစရိတ်ကို အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းအဖွဲ့က ထောက်ပံ့ကြေးငွေ ၅၀၀ ရင်းဂစ်ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အီပိုးမြို့နယ်နေ မမြင့်ဌေးမှ ဆေးကုသစရိတ် အကူအညီ တောင်းခံမှုကြောင့် ဖောင်ဒေးရှင်းဥက္ကဌကြီးနှင့်အတွင်းရေးမှူး ကိုယ်တိုင်သွားရောက်၍ မလေးရှားရင်းဂစ်ငွေ ငါးရာ ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းသည်စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ထောက်ကူပေးနိုင်ရန်ရည်စူးဖွဲ့စည်းထားသည့်အလျှောက် မလေးရှားရှိ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ကိုပါ ပြန်လည်ထောက်ကူပေးနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသောအဖွဲ့ဖြစ်ပါသည်သို့ပါသောကြောင့် မည်သူမဆို အဖွဲ့ဝင်မန်ဘာအဖြစ် ဝင်ရောက်၍ အဖွဲ့၏စောင့်ရှောက်မှု့ကို ခံယူနိုင်ကြစေရန် အသိပေးအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းမလေးရှား
သတင်းနှင့် ပြန်ကြားရေး
ကိုသန်းနိုင်
ကိုသက်လင်း
မသဲသဲအေး

