ဆန္ဒပြ

စစ်ကိုင်း၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာမီးဘေးသင့်ပြည်သူများအတွက် လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်တို့ ပူးပေါင်းကာ တော်လှန်ဖျော်ဖြေပွဲကို ယနေ့တွင် ယင်းမာပင်အနောက်ခြမ်း ကျေးရွာတရွာတွင် ပြုလုပ်ခဲ့ကြသည်။


အဆိုပါ တော်လှန်ဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီး ရရှိတဲ့ဆုချငွေများကို ညောင်ပင်ကြီးမီးဘေးသင့်များကိုပြန်လည်လှူဒါန်းရန်အတွက် ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့ထံသို့ လှူဒါန်းခဲ့ကြပါတယ်။

၎င်းတော်လှန်ဖျော်ဖြေမှုများကို ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်၊အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ရွာပေါင်းစုံသပိတ်အဖွဲ့များက အနုပညာဖြင့် အားဖြည့်ကူညီခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *